ရုပ်ရှင်ဇာတ်ကားတွေ အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ အပေါ် ဝေဖန်လိုက်တဲ့ဒေါင်း

0
227

သရုပ်ဆောင် ဒေါင်းကတော့ လတ်တလောမှာ မင်းမော်ကွန်း၊ ပိုင်ဖြိုးသု၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ ဂီတနဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကား တစ် ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိတယ်လို့ ဆိုပါတယ်။

“ကျွန်တော် Musical ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ ရှိပါတယ်။ ဂီတလောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သူများတွေ မသိသေးတဲ့ အကြောင်းအရာ တွေကို ကျွန်တော်တို့ ရိုက်ကူးပြမှာမို့ တအား စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီ အထဲမှာ ကျွန်တော် ပါဝင်သရုပ်ဆောင်ထားတဲ့ ကာရိုက်တာကို ကြိုက်ပါတယ်”လို့ ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ အွန် လိုင်းပေါ်ပျံ့နှံ့ခဲ့ တဲ့အပေါ် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဘယ်လိုထင်မြင် မိလဲလို့ မေးကြည့်တဲ့အခါမှာ တော့ ဒေါင်းက …

“ရုပ်ရှင်ဇာတ်ကားတွေ အွန် လိုင်းပေါ်မှာ ပျံ့နှံ့နေတာ တော်တော် များများကို တွေ့မြင်နေရတယ်။ ဒါက ဖြစ်မှာပဲလေ။ ကျွန်တော်တို့ နိုင်ငံ မှာက ပညာရေးနဲ့ ပတ်သက်ရင် ဥပဒေကို လေးစား လိုက်နာရမယ် ဆိုတဲ့ ပညာရေးကို ကောင်းကောင်း မသင်ထားဘူး။ အဲဒါက အဆိုးဆုံး ဖြစ်ရပ်ပဲ။ ဥပဒေကို လေးစား လိုက် နာတယ် ဆိုတာ ကျင့်ဝတ်ပဲ။ အဲဒီ ကျင့်ဝတ် ရှိတယ်ဆိုရင် ဒါတွေ ဘာမှဖြစ်စရာ မလိုဘူး။ အဲဒီ တော့ ပညာရေးကို ချ မှတ်တဲ့သူ တွေကိုပဲဝေဖန်ရမှာပါ။ အဲဒါ အမှန်တရားပဲ”လို့ ပြောပါ တယ်။လူ့အသိုင်းအဝိုင်း မှာ ကိုယ်ချင်းစာတရား ထား ရှိဖို့ကလည်း အရေးကြီး တယ်လို့ ဒေါင်းက ဆက် လက်ပြောပါတယ်။

 

“ကိုယ် ချင်းစာ တရားရှိဖို့တော့လို တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဇာတ်ကား တစ်ကား ရိုက်ကူးဖို့ အများကြီးရင်းနှီး မြှုပ် နှံပြီး ရိုက်ကူးကြရတာပါ။ စိတ် တွေရော၊ အချိန်တွေ ရော အများကြီးစိုက်ထုတ်ထား ရတာ။ ကျွန်တော်တို့က ဘဝတွေလည်း ရှိတယ်။ ကျွန် တော်တို့ ဘာမှမရှိဘဲနဲ့ ဘာမှ လုပ်ပြလို့ မရဘူး။ အဲဒီတော့ လူတစ် ယောက်က ထမင်းမစား ဘဲနဲ့ လမ်းလျှောက်လို့ မရဘူး လေ။ အဲဒီသဘောပဲ။ တစ် ယောက်ကို တစ်ယောက် Professional ဆိုတဲ့ အရာတွေ၊Life ဆိုတဲ့ အရာတွေ၊ တစ်ယောက်အကျိုးစီးပွားကို နား လည်တဲ့ ကိုယ်ချင်းစာတရား ထားရမယ်ဆိုတဲ့ အရာတွေက လူ့လောက၊ လူ့အသိုင်း အဝိုင်း မှာ အရေးကြီးတယ်။ အဲဒါမရှိရင် ဘာမှ လုပ်လို့ မရဘူး။ ဥပဒေတွေ ဘယ်လောက်ပဲ ထားထား၊ အဲဒီ ဥပဒေတွေက အလကားဖြစ် မှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ကြိုးစားရမှာ ပေါ့။ ဆိုးပြီဆိုတော့ ကောင်းဖို့ပဲ ကျန်ပါတော့ တယ်”လို့ ဒေါင်းက ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here