Rap သီချင်းတွေသီဆိုဦးမယ့် ရွှေထူး

0
220

‘ဒဏ္ဍာရီမိုး’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးသွားတဲ့အခါမှာ ရွှေထူးက ဂီတဖျော်ဖြေပွဲတွေသွားလိုက်၊ သီချင်းအသစ်တွေထွက်လိုက်နဲ့ ဂီတဘက်ကို ပြန် လည်ခြေဦးလှည့်လာပါပြီ။ ရုပ်ရှင်ဇာတ်ကားတွေ နောက်ထပ်ရိုက်ကူးဖို့ ပြောထားတာ လေးတွေ ရှိပါသေးတယ်လို့လည်း ရွှေထူးကပြောပါတယ်။ JCZ အဖွဲ့က မြတ်အမရာမောင်နဲ့ သီချင်းသစ်တစ်ပုဒ်ကို အွန်လိုင်းက တင်ထား တာလည်း တွေ့ရပါတယ်။ ‘Candy’ လို့ အမည်ပေး ထားတဲ့သီချင်းနဲ့ ပတ် သက်ပြီး ရွှေထူးက …

“အချိုလေးပါ။ သကြားလုံး ကြိုက်တဲ့သူတွေကြိုက်မှာပါ။ ကလေး တွေ ပိုကြိုက်မှာပေါ့” လို့ ပြောပါ တယ်။ Melody ပိုင်းတွေပဲ ဆိုလေ့ ရှိတဲ့ရွှေထူးက Rap သီဆိုထားတဲ့ သီချင်းသစ်တစ်ပုဒ်လည်း ထွက်လာဖို့ ရှိပါသေးတယ်။ Rap သီချင်းတွေလည်း သီဆိုချင်ပါတယ်လို့ ဝန်ခံထား တဲ့ ရွှေထူးက …

“ကျွန်တော့်ကိုယ် ကျွန်တော် ကြွယ်ထားတဲ့ သီချင်းလေးပေါ့။ Rap တွေသီဆိုထားတယ်။ ကျွန်တော်က အရင်ကတည်းက Rap တွေကို ဆို ချင်တာလေ။ အဲဒီအထဲမှာ Rap ၂၄ ဘားလောက်သီဆိုထားတယ်။ ကျွန်တော် လုပ်နိုင်သမျှအရာလေးကို ကျွန်တော်လုပ်နိုင်သလောက်လေးလုပ်လိုက်တာ။ ဒါပါပဲ။ ကျွန်တော့်ပရိသတ်အနေနဲ့ကျတော့ နည်းနည်းစိမ်းနေလိမ့်မယ်။ ရွှေထူးက တံခါးဖွင့် ထားပါတယ်တို့၊ မမျှော်လင့်တော့ပါဘူးနဲ့ တက်လာတဲ့သူ။ အဲဒီအချိန်မှာ ကျွန်တော်က Rap တွေ သီဆိုပြနေတော့ ပရိသတ်တွေအနေနဲ့ နည်းနည်းစိမ်းမယ်။ နားထောင်ကြည့်ပြီး ဝေဖန်ပေးကြပါပေါ့။ ကျွန်တော့် စိတ်ခံစားမှုအရ ကျွန်တော်လုပ်ချင်တဲ့ပုံစံတွေ အများကြီးရှိပါသေးတယ်။ အဲဒါ ကြောင့်ပါ” လို့ပြောပါတယ်။

ဘယ်နေရာရောက်ရောက် ရွှေထူးလို့ဆို လိုက် ရင်ပရိသတ်က သဲသဲလှုပ်ဖြစ်နေတာ အခုချိန်ထိပဲနော်လို့ ဆို တော့…

“ကျွန်တော့်မေတ္တာကြောင့်လို့ပဲ ကျွန်တော်ယူဆပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်တော့်ပရိသတ်ကို ကျွန်တော့်အနုပညာအကြောင်းပြောလို့ရှိရင် ကျွန်တော်တစ်ခါမှ မလျှိုခဲ့ဘူး။ အဲဒါ ဘုရားစူး မိုးကြိုးပစ်ပါ။ ကျွန်တော့်ကို Round Chord ပဲ ပြောပြော၊ ဒီ Frame ထဲကပဲပြော ပြော ကျွန်တော် လုပ်တတ်တဲ့ဟာကို ကျွန်တော့်ရင်ထဲကနေ သွေးရိုးသား ရိုး၊ ရိုးရိုးသားသားလေး တင်ပြတယ်။ အဲဒီအတွက် ကျွန်တော့်ပရိသတ်တွေ က ကျွန်တော့်ကို ချစ်ကြတယ်လို့ပဲ ကျွန်တော် ယူဆပါတယ်” လို့ ရွှေထူး က ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် အဆို တော်တစ်ယောက်ရဲ့ ပရိသတ်ကို ပြောချင်တဲ့စကားက …

“ကျွန်တော့်ကို အခုချိန်အထိ အားပေးနေတဲ့ ပရိသတ်တွေအများ ကြီးကို ကျေးဇူးတင်ပါ တယ်။ တစ်ခါ တလေကျလို့ရှိရင်ကျွန်တော် တအား ယောက်ယက်ခတ်တယ်ဗျ။ မိုက်ရူးရဲ ဆန်ပြီးတော့တအားဇွတ်တရွတ် နိုင် တယ်။ ကျွန်တော့်အကျင့်လေး တွေ ကို နားလည်ပေး ပြီး အားပေးနေကြ တဲ့ ပရိသတ်ကြီးကို ကျေးဇူး တင်ပါတယ်။ ကျွန် တော့်ကြောင့် ကျွန်တော့် ပရိ သတ်မျက်နှာ ပျက်ခဲ့ရသည် ရှိသော်ကျွန် တော့်ကိုနား လည်ပေးပါ။ ခွင့်လွှတ်ပေး ပါ။ ကျွန်တော့် ကို ကြိုးစားခွင့် ပေးပါ” လို့ ရွှေထူးကပြော ပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here