ရုပ်ရှင်လောက ပြောင်းလဲဖို့ အစပြုနေပြီလို့ဆိုတဲ့ လူငယ်ဒါရိုက်တာ ဥာဏ်ထင်

0
160

‘Dimensions’ မျက်နှာပြင်များ ရုပ်ရှင်ဇာတ်ကားရိုက်ကူးတဲ့ လူငယ်ဒါရိုက်တာဥာဏ်ထင်က နောက် ထပ်ရိုက်ကူးထားတဲ့ ဇာတ်ကားက ရိုက်ကူးမှုပိုင်းပြီးစီးသွားလို့ Production ပိုင်းကို သွားနေပါပြီ။ ၂ဝ၁၉ နှစ် ဆန်းပိုင်းလောက် ရုံတင်ပြသနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သူကပြောပါတယ်။

”ကျွန်တော်မြို့ပြမုဆိုးများဆိုတဲ့ ဇာတ်ကားတစ်ကားရိုက်ကူးထားသေးတယ်။Gangster Action ဇာတ်ကားမျိုးပါ။ ပြီးတော့ ဒီမိုးတွင်း ကုန်လို့ရှိရင် Drama ဇာတ်ကားတစ်ကား ထပ်မံရိုက်ကူးဖို့ရှိပါတယ်” လို့ ဒါရိုက်တာဥာဏ်ထင်က ဆိုပါတယ်။ ဥာဏ်ထင်ရဲ့ ဒုတိယမြောက်အတွေ့အကြုံက …

”Dimensions တုန်းက ရ လိုက်တဲ့အတွေ့အကြုံတွေက အများကြီးပဲလေ။ အဲဒီတော့ မြို့ပြမုဆိုး များကို Dimensions ထက်ကောင်းအောင် အများကြီးကြိုးစားနိုင်ခဲ့တယ်”လို့ ပြောပါတယ်။ ကိုဥာဏ် ထင်တို့ လူငယ်တွေနောက်ပိုင်းပေါ်ထွက်လာကြတာဟာ ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် တော် တော်လေး ကောင်းမွန်တယ်။ လူငယ်ဒါရိုက်တာတစ်ယောက်အနေနဲ့ ရုပ်ရှင်လောက ပြောင်းလဲ သွားပြီလို့ မြင်လားလို့မေးတော့…

”ပြောင်းလဲသွားတယ်တော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ ပြောင်းလဲဖို့တော့ အစပြုနေ ပါပြီ။ ကျွန်တော်တို့ နောက်ပိုင်း လူငယ်တွေကလည်း တအားကြိုးစားလာကြတယ်လေ။ ပြီးတော့ ရုပ်ရှင်လောက အရွေ့တစ်ခုတော့ စတင်ဖြစ်နေပါပြီ။ ကျွန်တော်ထင်တယ်။ နောက်ထပ် ၅ နှစ်၊ ၁ဝ နှစ်လောက်ကျရင်တော့ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောကက တော်တော်လေး Change ဖြစ်သွားမယ်ထင်တယ်။ အဲဒီလိုလည်း မျှော်လင့်ပါတယ်”လို့ ဒါရိုက်တာဥာဏ်ထင်က ပြောပြခဲ့ ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here