အမေရိကန်ရက်ပါနဲ့ သီချင်းအတူတူပူးပေါင်းဖန်တီးဖြစ်ခဲ့တဲ့ မိစန္ဒီ်

0
169

“High-5” ဆိုတဲ့ သီချင်းကို Hip Hop အဆိုတော် မိစန္ဒီနဲ့ American Rapper တစ်ဦးဖြစ်တဲ့ Lancifer တို့ ပူးပေါင်းဖန်တီးပြီး အွန်လိုင်းကနေ ဖြန့်ချိလိုက်ပါပြီ။ မိစန္ဒီက Rap သီဆိုတာကောင်းတယ်။ သူ့ပုံစံလေးက ချစ်ဖို့ကောင်းနေတယ်။ အခုလိုနိုင်ငံခြားက Rapper တစ်ယောက်နဲ့ Collaboration ပြုလုပ်ဖြစ်တော့အတွေ့အကြုံကောင်းတွေရတာပေါ့။Lancifer နဲ့ စတင် တွေ့ ရှိပြီး သီချင်းလုပ်ဖြစ်တာက…

“သူနဲ့ မဖြူ(ဖြူဖြူကျော်သိန်း)နဲ့ကရှေ့မှာ Miracle ဆိုပြီးတော့ သီချင်းလုပ်ထားတယ်။ သူက မဖြူကို သင်္ကြန်မှာ လာပြီးသီဆိုပေးတယ်။ မိစန္ဒီနဲ့ မဖြူနဲ့က သင်္ကြန်တုန်းက ဘားအံမှာ အတူတူပဲ။ အဲဒီမှာ မိစန္ဒီတို့ ၂ ယောက် စတင်တွေ့တယ်။ နောက်တစ်လနေ တော့ မဖြူကဖုန်းဆက်လာရော။Lancifer က မိစန္ဒီနဲ့ သီချင်းအတူတူ တွဲလုပ် ချင်တယ်၊ Collaboration လုပ်မလားဆိုတော့ လုပ်မှာပေါ့ဆိုပြီးတော့ မိစန္ဒီတို့ မေလလောက်မှာစတင် ပြီးတော့တည်ဖြစ်ခဲ့တာပေါ့နော်” လို့ မိစန္ဒီက ပြောပါတယ်။

လူ့ဘဝခဏ လေးအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အမုန်းတရားတွေမရှိဘဲ Positive Energy ဘက်ကိုသွားတဲ့ သီချင်းမျိုးဖြစ်တဲ့ “High-5” သီချင်းကို တစ်ယောက်နဲ့ တစ်ယောက် အွန်လိုင်းကနေ အသံဖိုင် တွေ အပြန်အလှန်တွေ ပို့ရင်းဖန်တီးဖြစ်ခဲ့တာကလည်း အ မှတ်တရပါပဲလို့ သူက ပြောပါတယ်။ High-5 ကို Music Video အဖြစ် ဘယ်လိုဖန်တီးဖြစ်မလဲဆိုတာ ကိုတော့ မိစန္ဒီက…

“မိစန္ဒီတို့ Action Movie ပုံစံ မျိုးလုပ်ဖို့ စဉ်းစားထားတယ်။ မိစန္ဒီ တို့ လုံးဝကလည်း ကမယ်ပေါ့။ မိစန္ဒီက တောင် သူ့ကို ပြောနေသေးတယ်။ ငါက သိပ်မကတတ်ဘူးနော်လို့။ သူက မိစန္ဒီကို စတန့်လည်း လုပ်ခိုင်းမယ်၊ ကလည်းကခိုင်းမယ်ဆိုတော့ နည်း နည်းများတယ်။ မိစန္ဒီတို့ ၂ ယောက် စလုံး ပေါင်းပြီး စဉ်းစားနေပါတယ်။ မိစန္ဒီနဲ့ သူနဲ့က စဉ်းစားလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်က အကြံတွေမတူတဲ့အခါ ကျတော့ စဉ်းစားရ တဲ့အပိုင်းမှာ နည်းနည်း ကြာတယ်” လို့ မိစန္ဒီက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here