ရွှေအိမ်စည် အတွက် ပရိသတ် တစ်ယောက် အနေနဲ့သာ ပံ့ပိုးပေးသွားမယ် ကိုအေးနေဝင်း

0
160

အလှမယ်ရွှေအိမ်စည်ရဲ့ ဘေးနားမှာ အမြဲ ရှိနေတတ်ပြီး လိုအပ်တာတွေကို ကူညီပံ့ပိုးပေး တတ်သူကတော့သူ့ရဲ့ချစ်သူ ကိုအေးနေဝင်းပဲ ဖြစ်ပါ တယ်။ ရွှေအိမ်စည်ရဲ့ အလှမယ် ပြိုင်ပွဲတိုင်းကိုလည်း နောက်ကနေ အမြဲအားပေးလေ့ရှိပါတယ်။ အခုအချိန်မှာလည်း Miss Golden Land Myanmar 2018 ပြိုင်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အလှမယ်ရွှေအိမ်စည်ကိုဘယ်လိုပံ့ပိုးကူညီပေးသွားမလဲဆိုတာကိုတော့ကိုအေးနေဝင်းက…

”ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးတာ က တစ်ပိုင်းပေါ့လေ။ ဒီနေရာမှာ တော့ ပရိသတ်အနေနဲ့လာတာပါ။ အနီးအနားမှာရှိတဲ့ လူတစ်ယောက် အနေနဲ့ ပံ့ပိုးတာထက်စာရင် ပရိသတ်အနေနဲ့ ပံ့ပိုးတာက သူ့အ တွက်အများကြီး ပိုတန်ဖိုးရှိပါတယ်။ သူ့မှာလည်း ပရိသတ်က ခိုင်ခိုင်မာမာနဲ့ တစ်ခဲနက်ရှိခဲ့ပြီလေ။ အရင်ကတည်းက သူလုပ်သင့်လုပ်ထိုက်တာကိုလည်းတိုင်ပင်တာပေါ့။ တချို့ကိစ္စတွေက လွယ်လွယ် ကူကူနဲ့ လုပ်ရမယ့်ဟာတွေရှိတယ်။ တချို့ကိစ္စတွေက အခက်အခဲရှိတာတွေ ရှိတယ်။ ဘယ်လို ပဲ ရှိရှိ၊ လုပ်စရာရှိတာလုပ်၊ ကြုံလာမယ့်ဟာကို ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်လို့ပဲပြောချင်ပါတယ်” လို့ပြောပါတယ်။ ရွှေအိမ်စည်အနေနဲ့ကလည်း သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ သူ့ခြေထောက်ပေါ်မှာ ရပ်တည်ပြီးတော့ မှဖြစ်လာတဲ့အောင်မြင်မှုမျိုးကိုပဲ တန်ဖိုးထားသူပါလို့ ကိုအေးနေဝင်းက ဆိုပါတယ်။

ရွှေအိမ်စည်အနေနဲ့ အရင်ကပြဿနာတချို့ရှိနေပေမယ့်လည်း အခုချိန်မှာအကောင်းဆုံး ရလဒ်တွေ ရလာဖို့အတွက်လည်းမျှော်လင့်ထားပါတယ်လို့ဆိုတဲ့ ကိုအေးနေဝင်းက

”အလားအလာနဲ့ ပတ်သက်ရင် ကျွန်တော်ပြောစရာမလိုဘူး။ ကျွန်တော်ပြောရင် ဒါက ကိုယ့်လူမို့ လို့ ကိုယ်ချီးကျူးပြီး ပြောတယ်ဖြစ် နေမယ်လေ။ အများကလည်း သူ့ကို အောင်မြင်မှုတစ်ခုကို ရနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာကို အငြင်းမပွားဘဲနဲ့ သတ်မှတ်ထားကြတယ်။ သူ့အနေနဲ့ သူလမ်း လျှောက်ခဲ့တဲ့ခရီးမှာ အောင်မြင်ကျော်ကြားခဲ့တာမျိုးတွေ၊ ပျော်ရွှင်စရာရှိတာမျိုးတွေရှိသလိုမျိုး၊ စိတ် အနှောင့်အယှက်ဖြစ်စရာတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ရဲရဲဝံ့ဝံ့ပြောရဲတာ ကတော့ သူကြုံခဲ့တဲ့အခက်အခဲတွေဆိုတာ သူ့ဘက်က အားနည်းချက်ကြောင့် ဖြစ်ခဲ့တာမဟုတ်ဘူး လေ။ အခုဆက်လက်သွားမယ့်ဟာမှာလည်း အရင်ဖြစ်ခဲ့တဲ့အတွေ့အကြုံ၊ အရင်ဖြစ်ခဲ့တဲ့ အောင်မြင်မှု၊ အရင် ဖြစ်ခဲ့တဲ့သမိုင်းကြောင်းပေါ်မူတည်ပြီးတော့ အကောင်းဆုံးရလဒ်တစ်ခုရလာနိုင်မယ်လို့ ကျွန်တော့် အနေနဲ့မျှော်လင့်ပါတယ်။ အဲဒီလိုရလာနိုင်အောင်လဲဝိုင်းဝန်းအားပေးတဲ့သူတွေကိုကျေးဇူးတင်ပါ တယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here