မြန်မာပြည် Hip Hop History ကို စိတ်ဝင်စား သဘောကျမိတဲ့ အမေရိကန် ဟစ်ဟော့ပ်အဆိုတော် Lancifer

0
166

ဖြူဖြူကျော်သိန်းနဲ့ Miracle ဆိုတဲ့ သီချင်းကို Collaboration ပြု လုပ်ကတည်းက ဒီအမေရိကန် ဟစ်ဟော့ပ်အဆိုတော်ရဲ့ Skill က လျှော့ တွက်လို့တော့မရပါဘူး။ အခုဆိုရင် မိစန္ဒီနဲ့ အတူတူ ‘High-5’ ဆိုတဲ့ သီချင်းကို ထပ်မံဖန်တီးလိုက်ပြန်ပါပြီ။ သူ့နာမည်ကတော့ လို့ ခေါ်ပါတယ်။

“Casadia ဆိုတာ MaxicanFood တစ်မျိုးပါပဲ။ ကြိုက်လား။ တအားကောင်းတယ်။ စတင်ဆွေး နွေးတုန်းက ကော်ဖီဆိုင်မှာ ဗိုက်ဆာ လို့ မုန့်တွေစားပြီးတော့ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီးတော့ ဆွေးနွေးကြတာပေါ့။ ဒီသီချင်းက မုန့်တွေစားပြီး မစဉ်းစားခဲ့ဘူး ဆိုလို့ ရှိရင် လုံးဝမဖြစ်လာနိုင်ပါဘူး။ ပြည့်စုံမယ်မထင်ပါဘူး။ အဲဒီတော့ ကျွန် တော်စား တဲ့ Casadia က အဓိကပါပဲ”လို့ သူက ‘High-5’ သီချင်းနဲ့ ပတ်သက်ပြီး ပြောပါတယ်။ မိစန္ဒီရဲ့ Music Skill ကိုရော ဘယ်လိုမြင် လဲလို့ မေးကြည့် တော့…

“So Bad … မကောင်းဘူး။ မကြိုက်ဘူး။ စတာ (ရယ်လျက်)။ ကျွန်တော်တို့ ၂ ယောက် စပြီး Collaboration ပြုလုပ်ချိန်က သူ့ရဲ့ ပထမဆုံး သီချင်းစာသားကို ကျွန်တော့်ဆီပို့ခဲ့တယ်။ တကယ့်ကို ပြီးပြည့်စုံတာပဲ။ စာသား တစ်ကြောင်းနဲ့ တစ်ကြောင်း ချိန်းသွားတာလေးတွေ၊ သဘာဝ အတိုင်း ရေးတာ လေးတွေ၊ ဒါဟာ Great Job ပါပဲ။ ဒါပေမဲ့ ကျွန်တော်သူပို့ပေး တဲ့ မြန်မာစာ သားတွေကို နားမလည်ဘူး။ ဒါပေမဲ့ကျွန်တော်ချစ်ပါတယ်” လို့ ပြောပါတယ်။ မြန်မာပြည်ဟစ်ဟော့ပ်ကိုကော ဘယ်လိုမြင်လဲလို့မေးတော့ …

“J-me တို့၊ အနဂ္ဂတို့နဲ့လည်းတွေ့ပြီးသွားပြီ။ သူတို့ရှိုးပွဲကိုလည်း သွားခဲ့ တယ်။ သဘောကျတယ်။ ချစ်တယ်။ ဟိုးအရင်တုန်းကတည်းက Underground ပုံစံနဲ့ စတင်လုပ်ခဲ့တာ အခုအချိန်မှာ ဟစ်ဟော့ပ်က တအားကြီးကို ထောင် တက်လာတယ်။ မြန်မာပြည်ဟစ်ဟော့ပ် History ကို သဘောကျမိတယ်။ စိတ်ဝင်စားမိပါတယ်။ အများကြီးလေ့လာနေတုန်းပဲ” လို့ Lancifer က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here