‘မြို့သားနဲ့ တောသူ’ သီချင်းနဲ့ ပေါက်ခဲ့တဲ့ အဆိုတော်သွန်းရဲ့ နောက်ထပ်ခြေလှမ်း သစ် ‘အချစ် နိဗ္ဗာန်’

0
281

“အချစ်နိဗ္ဗာန်” လို့ အမည် ပေးထားတဲ့ တစ်ကိုယ်တော်စီးရီးခွေ ကို ဩဂုတ် ၅ ရက်နေ့က အဆိုတော် သွန်းက ထွက်ရှိခဲ့ပါတယ်။ “မြို့သား နဲ့တောသူ” သီချင်းနဲ့ အောင်မြင်ကျော် ကြားခဲ့တဲ့သွန်းက သူနဲ့တွဲဖက်ဖြစ်တဲ့ အဆိုတော်မနောကို ဒီသီချင်းခွေမှာ ပါဝင်ထည့်သွင်းထား ခြင်း မရှိတာ နည်းနည်းတော့ ထူးခြားနေပါ တယ်။ ဒါပေမဲ့ တေးရေးဆရာ သဟာအောင် နဲ့ လက်တွဲမြဲဖြစ်တဲ့ သွန်းက မြန်မာ သံစဉ် သီချင်း တွေ ရဲ့ ထုံးစံအတိုင်း စီဒီရော၊ ဒီဗီဒီပါ တစ် ခါတည်းထွက် ရှိလာ တာဖြစ်ပါတယ်။ သူ ကြိုးစားထားတာနဲ့ ပတ်သက် ပြီး သွန်းက …

“သွန်းက စီဒီရော၊ ဒီဗီဒီရော တစ်ပြိုင်တည်းထွက်ရှိတာပါ။ ‘မြို့ သားနဲ့တောသူ’အခွေထဲက သီချင်း လေးတွေ ပေါက်သွားတဲ့အတွက် ကြောင့် ပရိသတ်တွေ ပိုပြီးကြိုက်နှစ် သက်မယ့်သီချင်းလေးတွေ ဖြစ် အောင်ရသအစုံထည့် သွင်းပေးထား ပါတယ်။ နယ်ကြိုက် သီချင်းလေးတွေ လည်းပါတယ်။ ကျေးတောသူသီချင်း လေး တွေ ပါတယ်။ သဘာဝပေါ့နော်။ မိန်းကလေးတစ်ယောက်ရဲ့ သီချင်း လေး တွေပါတယ်။ နောက်ပြီးတော့ ဟာသ သီချင်းလေးတွေပေါ့နော်။ ရှမ်းပြည်နယ်ဘက်မှာ သွားရိုက်ထား တဲ့ ရှမ်းသီချင်းလေးတွေလည်း ပါ တယ်။ ပရိသတ်ကြိုက်မယ့် သီချင်း လေးတွေ ဖြစ်အောင် ခါတိုင်းအခွေ ထက်ကို အားသွန်ခွန်စိုက်နဲ့ လူရော၊ ငွေရေးကြေးရေးရော ၂ ဆခွဲ လောက် ပိုပြီးတော့ သုံးထားပါတယ်” လို့ ပြောပြပါတယ်။
ဘာပဲပြောပြော မြန်မာသံစဉ် သီချင်းလေးတွေဟာ နယ်မှာ ရှိတဲ့ ပရိသတ်တွေအဖို့တော့ အပန်းဖြေ နားထောင်စရာ အနုပညာတစ်ခုဖြစ် ပြီး အားပေးတဲ့ ပရိသတ်အခိုင်အ မာလည်း ရှိနေပါတယ်။ သွန်းအနေနဲ့ ကော ဘယ်လိုမြင်သလဲလို့ ဆိုတော့ …

“သွန်းအသံက မြန်မာသံကို အချိုးအကျကြီး မဟုတ်ဘူး။ ဘိုသံ လည်း မဟုတ်တဲ့ ကြားထဲက အသံ ပေါ့နော်။ တေးရေး သဟာအောင် ကျတော့ သွန်းရဲ့ အသံကို သိနေ တယ်ပေါ့နော်။ အဲဒီအတွက်ကြောင့် ခေတ်ပေါ်မြန်မာသံစဉ်ဘက်ကို သွား ဖြစ်တာပါ။ ပြီးတော့ ဒီလို မြန်မာသံ လေးတွေ သီဆိုရတာ ဒီဘက်ခေတ် ကလေးတွေလည်း မြန်မာသံသီချင်း လေးတွေအပေါ် စိတ်ဝင်စားလာ အောင်သံစဉ်တွေကအစ Arrangement အစလူငယ်တွေ ပိုပြီး ကြိုက်နှစ်သက်လာအောင် သီဆို တာပေါ့နော်”လို့ သွန်းက ပြောပြခဲ့ ပါတယ်။

မျိုးမောင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here