ကမ္ဘာ့အဆင့်အတန်းမီဆိုစကား နှင့် ဗိုလ်ချုပ်ရုပ်ရှင် တာဝန်ကြီးမှု ၊ တာဝန်ခံမှု ၊ တာဝန်ကျေမှုအခြေအနေ

0
92

ဗိုလ်ချုပ်ရုပ်ရှင်ကို ကမ္ဘာ့အဆင့် အတန်းမီအောင် ရိုက်ကူးမယ်လို့ ကြားရတာနဲ့ ကြက်သီးများတောင် ဖြန်းခနဲထလာတဲ့အထိပါပဲ။ ဘာ ကြောင့်လဲဆိုတော့ ဗိုလ်ချုပ် အောင် ဆန်းအတ္ထုပ္ပတ္တိကို ရုပ်ရှင်ရိုက်ကူး မှာဆိုတော့ ကြီးလိုက်တဲ့ တာဝန်ကို တာဝန်ခံ တာဝန်ယူရတဲ့ကိစ္စဆိုတော့ တာဝန်ကျေနိုင်ကြဖို့ ဆုတောင်းမိ တယ်။

ဗိုလ်ချုပ်အောင်ဆန်းက သူ့ အတ္ထုပ္ပတ္တိရေးဖို့၊ အပါးတော်မြဲ ဗိုလ် ထွန်းလှ (စာရေးဆရာ တက္ကသိုလ်နေ ဝင်း)ကို တိုက်တွန်းဖူးတာမျိုး ဖတ်မိ ဖူးတာရှိတယ်။ ဒါပေမဲ့ လွတ်လပ်ရေး ရပြီး၊ အစိုးရအဖွဲ့က နုတ်ထွက်ပြီး စားရေးဖို့ ပြင်ဆင်တဲ့သဘောမျိုးရှိ တော့။ လွတ်လပ်ရေးမရခင် ကျဆုံး ခဲ့ရတော့ စာမရေးဖြစ်ခဲ့။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကြုံဖူးတွေ့ ဖူး အနီးကပ်ရင်းနှီးဖူးသူများရဲ့ ဗိုလ် ချုပ်ရဲ့အကြောင်း ဆောင်းပါးတွေ များစွာထွက်ပေါ်လာတော့ ဗိုလ်ချုပ် အောင်ဆန်းရဲ့အပြောအဆို၊ အနေ အထိုင် လုပ်ဆောင်မှု၊ ကြိုးစားမှု၊ ရိုး သားမှု၊ တိုင်းပြည်အပေါ် ထားရှိတဲ့ စိတ်၊ ပြည်သူအပေါ် လေးစားမှု၊ စာ နာမှုထားတဲ့ အမူအကျင့်တွေအား အနှိုင်းမဲ့ စံပြလူသားတစ်ယောက် ဖြစ်ပုံ အတ္ထုပ္ပတ္တိသဘောဆောင်တဲ့ ဆောင်းပါးမျိုးတွေ ကျုပ်ဖတ်ခဲ့ဖူး သလို စိတ်ဝင်စားသူတွေလည်း ဖတ် ခဲ့ဖူးပြီး သိကြသပေါ့ဗျာ။

အဲဒါကို အခုရုပ်ရှင်ရိုက်ကူးမှာ။ ရုပ်ရှင်ရိုက်ကူးမယ့်ကာလက ၂ဝ၁၈ ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်း ငယ်ဘဝ က စရင် ၁၉၁၃ ခုနှစ်ဆိုတော့ (၉၅ နှစ်) တက္ကသိုလ်ကျောင်းသားဘဝက စရင် ၁၉၃၈ ခုနှစ်၊ ရေနံချောင်း အ.ထ.က မှာ ၁ဝ တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်ရောက်တဲ့နှစ်ဆို ရင် (၇၆ နှစ်)၊ အဲဒီတုန်းက ရန်ကုန် မြို့အနေအထားပုံရိပ်၊ လူတွေရဲ့ ဝတ် စားဆင်ယင်ပုံ၊ အင်္ဂလိပ်ခေတ်က တည်းက ဓာတ်ရထား၊ လန်ချားက အစပေါ့။ ဒါတွေ ပြောနေရတာ တခြားကြောင့် မဟုတ်ပါဘူး။ ကျုပ် တို့ရဲ့ မြန်မာရုပ်ရှင်လောကအတွက် လိုအပ်သလို လိုချင်သလို ပြင်ဆင် ပြုလုပ်လို့ရတဲ့ အလွန်ကျယ်ဝန်းတဲ့ ရုပ်ရှင်ရိုက်ကူးရေးခြံ ဘယ်မှာလဲ၊ နောက်သမိုင်းဆိုတာ ကာလဒေသ ပုံသဏ္ဌာန်၊ လူမှုစရိုက်ပုံသဏ္ဌာန် ခေတ်စနစ်အုပ်ချုပ်ရေး မူဝါဒအသွင် အပြင်။ အဲဒါတွေဟာ သမိုင်းရဲ့ အချုပ်အခြာအကြောင်း ပုံသဏ္ဌာန် တွေ ဖြစ်တယ်။ ပြီးတော့ သမိုင်း ဆိုတာ ကိုယ့်တိုင်းပြည်တစ်ပြည် တည်းအတွက် မဟုတ်ဘူး။ ကမ္ဘာကြီး ပုံရိပ်နဲ့ ဆက်စပ်နေတာ။ ကဲပြော ကြည့်ချင်တာက၊ ဗိုလ်ချုပ်အောင် ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးဖို့ အတွက် ကြားမိသလောက်ကတော့ ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်တို့နဲ့ တူသူ နှစ်ဦးကို ရွေးချယ်ကြောင်း ကြားမိ တယ်။ ဒါဖြင့် ဗိုလ်ချုပ်ရဲ့အပါးတော် မြဲ ဗိုလ်ထွန်းလှ၊ သခင်နုတို့အပြင် အာဇာနည်ကြီးများနဲ့ တူတဲ့သူ ရွေး ချယ်တာ မကြားမိဘူး။ နောက် ဂျပန် မှာ စစ်ပညာသွားသင်တဲ့ ရဲဘော် သုံးကျိပ်၊ ပထမဆုံး အမွိုင်ကို သွား ပြီးနောက် ဂျပန်ကို ဗိုလ်ချုပ်နဲ့ အတူ သွားခဲ့တဲ့ သခင်လှမြိုင်နဲ့တူသူ၊ အဲဒီလို ဗိုလ်ချုပ်အောင်ဆန်းနဲ့အနီး ကပ် တွဲသူ၊ ရဲဘော်သုံးကျိပ်မှအစ၊ ရုပ်ရှင်အနေနဲ့။ အဆုံခန်းတွေရှိတာမို့ ဖြစ်သလို ကြုံသလို လူထည့်ရိုက်ကူး လို့ မရ။ အပျော်ကြည့် ရုပ်ရှင်ဇာတ် ကားမဟုတ်တဲ့ သမိုင်းသရုပ်ထင် အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်တဲ့အတွက် အလွန်အရေးကြီးလှပါတယ်။ အဲဒါ ကြောင့် တာဝန်ကြီးလှပါတယ်။

နောက် အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဘောလိဝုဒ်က မဟာ တမဂန္ဒီရဲ့ အတ္ထုပ္ပတ္တိဇာတ်ကားဖြစ် သလို၊ လူအင်အား သမိုင်းနောက်ခံ ပြယုဂ်များနဲ့ ရိုက်ကူးထားတာ ကြည့် ခဲ့ဖူးတော့ ကျုပ်တို့ရဲ့ ဗမာပြည်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ တကယ်စွန့် လွှတ်၊ စွန့်စားအနစ်နာခံခဲ့တဲ့ အတ္ထု ပ္ပတ္တိမျိုး ရုပ်ရှင်ဇာတ်ကားဆိုတော့ ကြိုဆိုမိသလို ကမ္ဘာကြီးကိုလည်း ကြွားဖို့၊ ကျုပ်တို့ မြန်မာပြည်သူ ပြည် သားတွေလည်း သိကြဖို့အတွက် ဝမ်း သာမိတာပေါ့ဗျာ။ ဒါပေမဲ့ ကမ္ဘာ့ အဆင့်အတန်း မီဆိုတဲ့ စကားလုံးကြီး က အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ကိုရီးယားတို့လို ရုပ် ရှင်ခြံကြီးများနှင့် စိတ်ကြိုက်ပြင်ဆင် မှုဆက်တင်များ ဆောက်လုပ်ရိုက်ကူးနေကြတဲ့။ အာရှ တိုက် ရုပ်ရှင်များကို ကျော်လွန်ပြီး၊ ဟောလိဝုဒ်ကို ယှဉ်တဲ့ စကားလုံးကို ကြက်သီးထမိတာပါ။ မြန်မာ့ရုပ်ရှင် ဒါရိုက်တာတွေကို အထင်သေးလို့ မဟုတ်ဘူးနော်။ အခု ဆို အတွေး၊ အယူအဆကောင်းတဲ့ လူငယ်ဒါရိုက်တာတွေ အများကြီး ပေါ်လာတာပါ။ ပေါ်မလာတာက စိတ်ကြိုက်ဆက်တင်တွေနဲ့ ဆောက် လုပ်ရိုက်ကူးစရာမရှိတဲ့ အလွန်ကျယ် ဝန်းတဲ့ ရုပ်ရှင်ခြံပါ။ ဒီနေ့ရဲ့ လုံးဝ ပြောင်းလဲနေတဲ့ လူနဲ့လူ့ပတ်ဝန်းကျင် အနေအထားနဲ့ နှစ်ပေါင်း (၇ဝ … ၈ဝ)ကာလရဲ့ လူနဲ့ ပတ်ဝန်းကျင်ပါ။

တစ်ခါက ရုပ်ရှင်မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်ကို အင်တာဗျူးတုန်း က ပြောဖူးတယ်။ ဗြိတိသျှရုပ်ရှင်ထင် ပါရဲ့။ ကြာလွန်းတော့ ခပ်မေ့မေ့။ အဲ ဒီတုန်းက ဒေါ်မြင့်မြင့်ခင်က ပြော တယ်။ ကုမ္ပဏီရဲ့ ရုပ်ရှင်ခြံကြီးထဲမှာ အဝတ်အစားထားပြီး၊ ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အဝတ် အစားတွေ သီး သန့်ချုပ်ထားသလို ဇာတ်ကောင် စရိုက်အဆင့်အတန်းအလိုက် လိုက် ဖက်မယ့်အဝတ်အစားကို စတိုခန်းက ထုတ်ပေးတာ ဝတ်ပြီး သရုပ်ဆောင် ရတယ်။ ကိုယ်ဝတ်ချင်တာ ဝတ်လို့ မရဘူး။ ဝတ်ခွင့်လည်း မရှိဘူးလို့ပြော ပြဖူးတယ်။ အဲဒါတွေဟာ လူ့ဘဝရဲ့ လူတန်းစား၊ လူ့အဆင့်အတန်း၊ စရိုက်လက္ခဏာတွေဟာ ရုပ်ရှင်ဇာတ် ကားတစ်ကားအတွက် ယုတ္တိဗေဒ ဖြစ်မှု သဘာဝတရားလို့ ခေါ်တာ ပေါ့။

ကဲ …အခု ကျုပ်တို့ မြန်မာ ပြည်အတွက် ရှိသင့်ရှိထိုက်တာ ကြာ လှပြီဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ပေါ်လာတော့မယ် ဆိုတော့ ဝမ်းသာမဆုံးပေါ့။ အခု ခေတ်လို စာဖတ်နည်းပြီး ဖုံးပွတ်ဂိမ်း ဆော့၊ သတင်းကြည့်တာ လူငယ် လောဘအတွင်း ရောဂါတစ်ခုကူးစက် လွယ်တဲ့ အချိန်မျိုးမှာ ပြည်သူများ ကြား လူငယ်များရဲ့ အာရုံထဲ တိုး ဝင်နိုင်တဲ့ ရုပ်ရှင်အမျိုးအစားနဲ့ ဗိုလ် ချုပ်အောင်ဆန်းရုပ်ရှင်ဆိုတော့ အလွန်အမင်းကြိုဆိုမိတာပေါ့။ ဒါပေ မဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်း အတ္ထုပ္ပတ္တိကို သမိုင်းရဲ့ ယုတ္တိဗေဒ သဘာဝနဲ့ သမိုင်းတင်စေမယ်ဆိုရင် ကမ္ဘာ့အဆင့်မမီရင် နေပါစေ။ မြန် မာရုပ်ရှင်ရဲ့ သမိုင်းမှန်အချက်အ လက်များနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဟာ မြန်မာအဆင့်နဲ့ ပေါ်ထွက်လာမယ်ဆိုရင်ကို ကျေနပ် စွာအားပေးလိုလှပါပြီ။ ပိုပြီးစဉ်းစား စရာက မော်ကွန်းရုပ်ရှင်ရဲ့ မှတ်တမ်း ပုံရိပ်တွေဟာ အဖြူအမည်းဖလင်များ ဖြစ်ပြီး၊ အခုခေတ်ဖလင်က ကာလာ ဖြစ်နေတာကြောင့် ရောစပ်ရေးပင် ပသာဒပိုင်းမှအစ စဉ်းစားကြည့်ရမှာ ဖြစ်ပါတယ်လို့ ဆိုလိုက်ပါရစေတော့ ခင်ဗျား။ ။

အောင်ဟိဏ်း (ကျိုက်ထော်)


LEAVE A REPLY

Please enter your comment!
Please enter your name here