ချစ်သူခါရာ ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားအပေါ် နိုရာကို ရဲ့ အမြင်

0
372

“မြို့ပြမုဆိုးများ”ဇာတ်ကားကို နိုရာကိုတို့ Bonanza Production က ထပ်မံရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားမှာ ခါရာ၊ မင်းမြတ်စိုးစံ၊ ဂျာဆိုင်းအိမ်စတဲ့ လူငယ်သရုပ် ဆောင်တွေ ပါဝင်သလို အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ဇင်ဝိုင်းတို့လည်း ပါဝင်ကြောင်း နိုရာ ကိုက ပြောပါတယ်။ ချစ်သူဖြစ်တဲ့ ခါရာရဲ့ သရုပ်ဆောင်မှုတွေအပေါ်ကို အားရလားလို့ မေးကြည့်တော့ …

“ခါရာ့အနေနဲ့ ဒီဇာတ်ကားထဲမှာ Ganster တစ်ယောက်အနေနဲ့ သရုပ်ဆောင် ထားတာဖြစ်တဲ့အတွက် ပရိသတ်ကြိုက်နှစ် သက်မယ်ထင်ပါတယ်။ ဒီဇာတ်ကားအတွက် ကို သရုပ်ဆောင်တွေအားလုံးက ၃ လလောက် ကြိုပြီးတော့ ဆံပင်တွေအရှည်ထားတယ်။Training တွေ သေသေချာချာလုပ်ထားတဲ့အတွက် ဒီဇာတ်ကားကကောင်းတဲ့ ဇာတ်ကားတစ်ကားပါ” လို့ နိုရာကိုက ပြောပါတယ်။

“Dimensions” ဇာတ်ကားကလည်း စင် ကာပူမှာ ပြသတော့မယ်။ ဒီဇာတ်ကားက သာမန်မြန်မာဇာတ်ကားတွေထဲမှာ ကွဲထွက်လာတဲ့ ဇာတ်ကား တစ်ကားလို့ ဆိုနိုင်မလားလို့မေးတော့…

“နောက်ဆုံးခန်းရောက်တဲ့အထိကို ဇာတ်လမ်းဘယ်လိုသိမ်းမလဲဆိုတာ စဉ်းစားလို့မရလောက်အောင် လုပ်ထားတယ်။ နောက်တစ်ခုက ဖိုက်တင်ဆင်းတွေကို အချိန်ယူပြီး လေ့ကျင့်တယ်။ လွဲချော်မှုမရှိဘူး။ တော်တော်များများ feedback လေးတွေ ပြန်ကြားရတာကတော့ ဖိုက်တင်ခန်းတွေ တော်တော်လေး ကောင်းတယ်။ တချို့အားနည်းချက် လေးတွေတော့ရှိတယ်။ ပရိသတ်က တအားကြိုးစားထားတာဖြစ်တဲ့အ တွက် နားလည်ပေးလို့ရတယ်ဆိုတဲ့ ကွန်မန့်လေးတွေ ပြန်ကြားရပါတယ်။ နိုရာတို့ အာမခံနိုင်တာကတော့ အသစ်အဆန်းအနေနဲ့ နိုရာတို့ ဒီဇာတ်ကားကို စတင်ပြီးတော့ လုပ်ကိုင်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ်ကွာဆိုပြီး တော့ လူငယ်တွေမျက်စိစုံမှိတ်ပြီး လုပ်ကိုင်ခဲ့ကြတယ်။ အဲဒီအပေါ်မှာ ပရိသတ်အားပေးမှုရရှိခဲ့တဲ့အတွက် လည်း တအားပျော်ပါတယ်” လို့ နိုရာကိုက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here