သရုပ်ဆောင် ခါရာ ရဲ့ ဇာတိမြေမိုးကုတ်သို့ လွမ်းချင်း

0
372

“လူ့အလို နတ်မလိုက်နိုင်”ဆို သလိုမျိုးပဲ ခါရာရယ်ဆိုပြီးဖြစ်လာတဲ့ အခြေအနေမှာ သူ့ကိုယ်သူ ကျေနပ်အားရမှုမရှိသေးဘူးလို့ မော်ဒယ်လ်မင်းသားခါရာက ပြောပါတယ်။ သူ့ မှာ သူများငေးကြည့်ရလောက်တဲ့ အရပ်အမောင်း၊ ရုပ်ရည်၊ အသားအရေရှိတယ်။ နောက်ပြီး နားလည်မှုတွေများစွာနဲ့ ချစ်ရတဲ့ချစ်သူလည်းရှိတယ်။

သူကတော့ အနုပညာဘက်မှာ တစ်ခုပြီး တစ်ခုဖြစ်ချင်နေတဲ့အတွက် လုပ်ကိုင်နိုင်တဲ့အချိန်အထိ ဆက်လက်ကြိုးစားသွားဦးမယ်လို့ ပြောပါ တယ်။ မိုးတွင်းကာလကတော့ ကြိုတင်ပြင်ဆင်ရတဲ့ကာလပေါ့လို့ ဆိုတဲ့ ခါရာက…

“ဒီအချိန်ပေါ့နော်။ တစ်နှစ် ပတ်လုံးမှာ မိုးတွင်းက ကျွန်တော်တို့ ၄ လလောက်အချိန်ရတယ်။ ဒီအချိန် မှာ ကျွန်တော်တအားပြင်ဆင်တယ်။ မနှစ်ကဆို ကျွန်တော်ဇာတ်လမ်းတွဲ ၂ ခုရိုက်ကူးလိုက်တယ်။’ချစ်ခြင်းစတုဂံ’ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ‘မနေ့ကဖြစ်သည်-၂’ ဇာတ်လမ်းတွဲပါ။ ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးပြီဆိုရင် ၃ လကျော်လောက်ကြာတယ်။ ၂ ခုရိုက်တော့ ၆ လနီးပါး ကြာတယ်ဆိုတော့ ကျွန်တော်အဲဒီမှာ ပြင်ဆင်ချိန်မရှိဘူး။ ကျွန်တော် Gym လည်းသွားဆော့ကစားဖို့ အချိန်မရှိဘူး။ အစားနဲ့ပဲထိန်းရတယ်။ တစ်နှစ်ပတ်လုံးမှာ မိုးရာသီပဲနည်းနည်းနားရတာ ဖြစ်တဲ့ အတွက် နောက်ရိုက်ကူးမယ့်ဇာတ်ကားတွေအတွက် ကြိုပြီးတော့ပြင်ဆင်တယ်။Pre Production လုပ်တယ်။ တကယ်မိုးကုန်ပြီး ရိုက်ကူးတော့မယ်ဆိုရင် ကျွန်တော် Ready ဖြစ်နေပြီလေ။ ကျွန်တော်က တစ်နှစ်ပတ်လုံးမှာ တစ်ခေါက်လောက်တော့ အချိန်ယူပြီး ပြင်ဆင်ပါတယ်”လို့ ပြောပါတယ်။

မိုးကုတ်ကို လွမ်းတဲ့အကြောင်းတွေ Facebook မှာ တင်ဖြစ်တယ်နော်။ လွမ်းရတဲ့အ ကြောင်းလေးတော့ရှိရမယ်လို့ဆိုတော့….

“ကျွန်တော်Facebook မှာ Status တွေတင် တယ်။ စာတွေရေးတယ်။ ကျွန်တော့်ရဲ့ဇာတိမြေမိုးကုတ်ကို ကျွန်တော်တကယ်လွမ်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့ ငယ်ဘဝတောက်လျှောက်က အဲဒီမှာပဲကုန်ဆုံးခဲ့တယ်။ ငယ်သူငယ်ချင်းတွေကိုလည်း သတိရတယ်။ မိုးကုတ်ရဲ့ ရာသီဥတုကိုလည်း သတိရတယ်။ မိုး ကုတ်မှာနေခဲ့တဲ့ အဖြစ်အပျက်တွေ အကုန်လုံးကိုလည်း သတိရပါတယ်။ ကျွန်တော်အချိန်ရ ရင်တော့ ပြန်ဦးမယ်ဗျာ”လို့ ခါရာက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here