ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံရတဲ့သားစစ်

0
596

‘လူဒိုင်း၊ လူဒိုင်းမှာ ပင်ဂိုအော်ရယ်ဂျင်နယ် နက်ထရယ် စယ်တိုင် ဒယ်ဇိုင်း အထာကာလာအနေအထား အထာဆိုဒါရှိဒယ် အယ်လယ်’ အဲဒီစကားကို ကြားလိုက်တာနဲ့ Singerသားစစ်မှန်း ပရိသတ်ကြီးသိကြမှာပါ။ အခု လတ်တလောကြော်ငြာတွေ လက်ခံရိုက်ကူးဖြစ်နေပြီး တေးစီးရီးခွေထွက်ရှိဖို့လည်း စီစဉ်နေပါတယ်။ Singerသားစစ် ရဲ့ စကားလုံးတွေ ခေတ်စားလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းရှင်တွေက ယူသုံးရင် Registerလုပ်ထားတာနဲ့ပတ်သက် ပြီး Singerသားစစ်က…

”ကျွန်တော့် စကားလုံးတွေ ယူသုံးမယ်ဆိုရင် ကျွန်တော့်ကို နည်းနည်းပါးပါး အလိုက်သိ။ ကျွန်တော် ငပေါမဟုတ်ဘူး။ ကျွန်တော့်အနေအထား၊ ကျွန်တော့်အရည်အချင်း၊ ကျွန်တော့်စတိုင်လ် ဒီဇိုင်းက ကျွန်တော့် မှာ ရှိတယ်။ သဘောကောင်းတယ်ဆိုပြီး လုပ်ချင်တာတွေ လျှောက်လုပ်နေကြတယ်။ လုပ်ချင်ရင် ကျွန်တော့်ကိုလာပြီး ခွင့်တောင်း၊ အသိပေး၊ ကျွန်တော့်စကားတွေ ပြောတာက ပြောလို့ရတယ်။ လူတိုင်းပြောနေတာ။ ကျွန်တော်ခွင့်ပြုတယ်။ ကျွန်တော့်ကို အဖက်မလုပ်ဘဲနဲ့ စီးပွားရေးကြော်ငြာတွေမှာ ယူသုံးနေတယ်။ကျွန်တော်အစကတည်းက ပြောတယ်။ ကျွန်တော့်ကို လျှော့မတွက်နဲ့လို့။ ကျွန်တော့်စကားတွေ ပေါက်မယ်မှန်းသိလို့ ကျွန်တော်အစကတည်းက ကြိုတင်ပြင်ဆင်ထားပြီးသား”ပါလို့ ပြောပြခဲ့ပါတယ်။

ပရိသတ်ကြီးက တအားအား ပေးတာနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးကို အလေးထားကာ ဖေ့စ်ဘွတ်ခ်မှာ အိပ်ရေးပျက်ခံပြီး Reply ပြန်ဖြစ်ပုံကို လည်း Singerသားစစ်က…

”Timeline မှာ အချို့တွေက ကျွန်တော့်ကို လာ Tag တွဲကြတယ်။ ကျွန်တော် တစ်ယောက်ချင်းစီ အကုန်လုံးပြန်တင် ပေးတယ်။ Reply ပြန်ပေးဖြစ်တယ်။ ရှင်းရှင်းပြောရရင် ကျွန်တော် ညတိုင်း အိပ်ရေးပျက်တယ်။ ကျွန်တော်က ပရိသတ်ကို အလေးထားတယ်။ ကျွန်တော်တအားအိပ်ချင်တာတောင် ပရိသတ်ပို့ထားတဲ့ဟာတွေ တက် လာတဲ့အခါကျရင် အိပ်ရေးပျက်ရင်ပျက်ပါစေ။ သူတို့ဟာတွေ အကုန် Down တယ်။ တစ်ယောက်ချင်းစီကို ကျွန်တော်ပြန်တင်ပေးတယ်။ ဖိုင်တွေကို စုပြီး ကျွန်တော်မတင်ဘူး။ တစ်ယောက်ချင်းစီကို ကျွန်တော် သေသေချာချာ ပြန်တင်ပေးတာ”လို့ ပြောပြခဲ့ပါတယ်။

သီချင်းဆိုတာတွေအပြင် အခြားအနုပညာအလုပ်တွေကိုပါ လုပ်ကိုင်ဖို့ ကမ်းလှမ်းမှုတွေရှိနေတဲ့အပေါ် သားစစ်က…

”ကျွန်တော့်ကို ရုပ်ရှင်တင်ရိုက်ဖို့ ကမ်းလှမ်းထားတဲ့ ကုမ္ပဏီတွေရှိတယ်။ ကျွန်တော့်ဘက်က Confirm မလုပ်ဖြစ်သေးဘူး။ ကျွန်တော်နိုင်ငံခြားခရီးတွေ ထွက်ဖို့ရှိတယ်။ ရန်ကုန်ပြန်ရောက်ရင်လည်း နယ်ရှိုးပွဲတွေဆိုဖို့ရှိတယ်”လို့ ပြောပြခဲ့ပါသေး တယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here