ရန်ရန်ချန်းနဲ့ ဘာဘူတို့စီစဉ်တဲ့ Tay Streaming Service

0
117

ကမ္ဘာမှာ ခေတ်စားနေတဲ့ Music Streaming Service အတိုင်း မြန်မာနိုင်ငံမှာ Tay  ဆိုတဲ့ Application ကို အဆိုတော် ရန်ရန်ချန်း နဲ့ ဘာဘူ တို့က စတင် အကောင်အထည်ဖော်တော့ မှာပဲ ဖြစ်ပါတယ်။ Tay Streaming Service ကို စီစဉ်ထားဖြစ်ပုံ နဲ့ ပတ်သက်ပြီး ဘာဘူ က “အခု တယ်လီဖုန်းတွေ ပေါ်လာပြီး အင်တာနက်တွေ ကောင်းနေတဲ့ ခေတ်က တည်းက ခိုးကူးတောင် ထမင်းငတ်နေပြီ။ အဲဒီတော့ အခုနောက်ဆုံး တစ်ကမ္ဘာလုံးမှာ အဆင်ပြေနေတာက Music Streaming Service ပဲ။ ပရိသတ် အနေနဲ့ အချိန်ပိုင်း တစ်ခု အတွက်ပဲ တောင်းတဲ့ ပိုက်ဆံကိုပေး။ အဲဒီ အချိန်ပိုင်း အတွင်းမှာ ဒီ Application ထဲမှာရှိတဲ့ သီချင်းတွေ ကြိုက်သလို နားထောင်ပေါ့။ အဲဒီတော့ ကျွန်တော်တို့က ဘယ်လို လုပ်ပေးမလဲ ဆိုတော့ ပရိသတ်တွေ အနေ နဲ့ တစ်ပတ်ကို မြန်မာငွေ ၄၅ဝကျပ် တစ်ရက်ချင်းစီပဲ ဆို ရင်တော့ မြန်မာငွေ ၉ဝ ကျပ်နှုန်း နဲ့ကြိုက်သလောက် နားထောင်နိုင်အောင် စီစဉ်ထားပါတယ်” လို့ပြောပါတယ်။ ဆက်လက်ပြီး ရန်ရန်ချန်း ကလည်း…

“လောလောဆယ်တော့ ကျွန်တော် တို့လည်း ရင်ခုန်နေတယ်။ အခုမှ စမှာဆို တော့လေ။ လောလောဆယ် အထိကတော့ အခက် အခဲက မရှိသေးပါဘူး။ ဒါပေမဲ့ ပြီးသွား လို့စရင်တော့ ဘာတွေလာမလဲ ဆိုတာ ကျွန်တော်တို့လည်း ရင်ခုန်နေပါ တယ်။ အဆင်ပြေမယ် လို့ လည်း ယုံ ကြည်ပါတယ်” လို့ ပြော ပြပါတယ်။ ဂီတဆိုင်ရာ အလွှာငါးလွှာ က ခွင့်ပြုချက် ပေးထားတဲ့ သီချင်းတွေကို တင်သွင်း ပေး ထားမှာဖြစ်တဲ့  TAY  Application ကို 2016 မကုန်ခင်မှာ Download လုပ်နိုင်အောင် စီစဉ်ပေးသွားမှာဖြစ်သလို Download လုပ်လို့ ရပြီ ဆိုတာ နဲ့ ထပ်မံကြေညာ ပေးသွားမယ် လို့လည်းသိရပါတယ်။

 မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here