သက်ငယ်မုဒိမ်းမှု အဖြစ်ပွားဆုံးနေရာဖြစ်တဲ့ လှိုင်သာယာမှာ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ့် အလှမယ် ဒေါ်ရီရီသာ

0
183

Classic Ms Golden Land Myanmar အလှမယ်တစ်ဦးဖြစ်တဲ့ ဒေါ်ရီရီသာက သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိပြီး အခုလက်ရှိမှာတော့ အမြို့မြို့အနယ်နယ်က သက်ငယ် မုဒိမ်းမှုပေါင်း ၁၇ မှုကို ဖြေရှင်းခဲ့ရပြီဖြစ်ပါတယ်။ သြဂုတ်လ ၇ ရက်နေ့မှာ လည်း မကွေးမြို့က လူမှုကူညီရေးအဖွဲ့အစည်းများနဲ့အတူ ပူးပေါင်းကာ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။ ယခင် ထက်စာရင် အခု နောက်ပိုင်းမှာ တရားဥပဒေအရ မှန်ကန်စွာ ဆောင်ရွက်လာ ကြကြောင်းကို ဒေါ်ရီရီသာက …

”သူတို့ တရားသွားရင်ဆိုင်တဲ့အခါ စရိတ်ဆိုတာရှိတယ်။ စရိတ်တွေ တော်တော်ကြီးတယ်။ တချို့တွေက နယ်က အရမ်းဝေးတဲ့အခါကျတော့ သူတို့ နေတဲ့ရွာနဲ့ တရားရင်ဆိုင်ရတဲ့ နေရာကဝေးတော့ ကုန်ကျစရိတ်က များတယ်။ တစ်ရက်ကို ငွေကျပ်ရှစ်သောင်းလောက် ကုန်တယ်။ အခုကျတော့ တရားရုံး ဘက်က သူတို့ကို စရိတ်ကျပ်နှစ်သောင်းကျော် ပြန်ထုတ်ပေးတယ်။ ဘာပဲ ဖြစ်ဖြစ် အရင်တုန်းကထက်စာရင် တရားဥပဒေက အများကြီးကောင်းလာတယ်။ အမှုစစ်ဆေးတဲ့အခါမှာလည်း အရင်တုန်းကလို ငွေမရှိတဲ့သူတွေကို နှိမ်မယ့် အနေအထားမျိုးတွေလည်း သိပ်မရှိတော့ဘဲ နည်းနည်းမျှမျှတတလုပ်လာ တယ်ဆိုတဲ့ အနေအထားတွေကိုလည်း ကြားခဲ့ရပါတယ်။ သူတို့ကို နားလည် ပြီးတော့ အရင်တုန်းကလို လူ့လောကထဲမှာ အပယ်ခံဘဝနဲ့ မဟုတ်ဘဲနဲ့ အားလုံးကလည်း ဝိုင်းကူလုပ်ကိုင်ကြတယ်။ မကွေးက လူမှုရေးအဖွဲ့အစည်း တွေကလည်း တအားအင်အားကောင်းကြတယ်။ စုစုစည်းစည်းနဲ့ ဝိုင်းဝန်း လုပ်ဆောင်ပေးနေတာကို တွေ့ရပါတယ်” လို့ ပြောပါတယ်။

မြန်မာပြည်ရဲ့ သက်ငယ်မုဒိမ်းမှု အဖြစ်ပွားဆုံးနေရာတွေကိုလည်း သွား ရောက်ပြီး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဦးမှာဖြစ်ကြောင်းကို ဒေါ်ရီရီသာ က …

”ဟိုတလောတွေတုန်းက သက်ငယ်မုဒိမ်းမှုက တအားပေါ်ပြူ လာဖြစ်သွားတယ်။ တအားလည်း စိပ်လာတယ်။ အခုကျတော့ ပြည် သူတွေက အသိတရားပိုရှိလာတယ်။ ဒါကို ပိုပြီး ဂရုစိုက်လာကြတယ်။ အရင်တုန်းကထက် နည်းနည်းလေး တော့ လျော့ကျလာတဲ့ သဘောမျိုး မှာရှိတယ်။ မြန်မာနိုင်ငံမှာ သက် ငယ် မုဒိမ်းမှု အဖြစ်ပွားဆုံးနေရာက ရန်ကုန်မြို့က လှိုင်သာယာမြို့နယ် ပါ။ အဲဒီနေရာအတွက်ကို ကျွန်မက အခု ကြိုးစားနေပါတယ်။ လှိုင်သာယာက အမတ်တွေကိုလည်း သွားရောက် တွေ့ဆုံပြီး ပညာပေးအစီအစဉ်လုပ်ဖို့နဲ့ ကျောင်းတွေကနေစပြီး ကလေးတွေ၊ မိဘတွေကို ပညာပေးအစီအစဉ်တွေ လုပ်ဖို့ ကြိုးစားနေပါတယ်။ ဒုတိယ အများဆုံးကတော့ မအူပင်ဘက်၊ ဧရာဝတီတိုင်းဘက်ပါ” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း ကလေးတွေကို မိမိရဲ့ သားသမီး မဟုတ်သော်ငြား လည်း မိမိနိုင်ငံက လူမျိုးတွေဖြစ်တဲ့အတွက် ကိုယ့်ဆွေမျိုးသားသမီးတွေလိုပဲ ဝိုင်းဝန်းစောင့် ရှောက်စေချင်ပြီး ကလေးတွေဟာ တစ်ချိန်ကျရင် နိုင်ငံကို စောင့်ရှောက်နိုင်သူတွေ ဖြစ်လာကြမှာဖြစ်တာကြောင့် ကလေးတွေကို ချစ်ခင် ပြီး ဂရုစိုက်ပေးကြဖို့အတွက်လည်း ဒေါ်ရီရီသာက တိုက်တွန်းစကား ဆိုခဲ့ပါ တယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ -မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here