အငဲရဲ့သမီး ဆိုတော့ အငဲနဲ့ ယှဉ်တာမျိုးလေးတွေ ရှိတာပေါ့ အဆိုတော် လမင်းခ

0
462

အငဲရဲ့ သမီးဖြစ်ရတာ အမြဲ တမ်းဂုဏ်ယူနေပါတယ်ဆိုတဲ့ လမင်း ခကို ဖခင်ဖြစ်သူနဲ့ ပတ်သက်ပြီး အ နည်းငယ်အင်တာဗျူးဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေချစ်ကြတဲ့ ကိုကြီးငဲက သူ့သမီးလေးကို သူ့ရဲ့ ဂီတပညာတွေ ဘယ်လို သင်ကြားပေးနေလဲ၊ ပြီး တော့ သမီးလေးကကော အငဲဆိုတဲ့ အဆိုတော်ကြီးရဲ့ လွှမ်းမိုးမှုတွေ ကြောင့် Pressureတွေရှိနေလေမ လားစတဲ့ မေးခွန်းတွေကို မေးဖြစ် တဲ့အခါ….

”ပါပါးက သူ့ရဲ့ အနုပညာနဲ့သူ ဖျော်ဖြေရေးအပိုင်းပဲ။ သင်ကြားရေး ပိုင်းလိုမျိုးမဟုတ်တော့ နိစ္စဓူဝ သင် ကြားနေတာမျိုးတော့မရှိဘူး။ ဒါပေမဲ့ သူ့မျက်စိရှေ့မှာရောက် လာ ရင်တော့ လိုအပ်တာတွေ့ရင် တော့ အမြဲတမ်း ပြောပြပါတယ်။ လမင်း တကယ့်ကို အတည်တကျ သီချင်း ဆိုရတော့မယ်၊ Recording ဝင်ရ တော့မယ်ဆိုရင်တော့ ပါပါးက ဘေး နားကနေ Guideline အမြဲ ပေးပါ တယ်။ လုပ်တာကတော့ ကိုယ်က ကိုယ်လုပ်ချင်ရာလုပ်တာပဲ။ ကိုယ် ဆိုချင်သလို ဆိုတာပဲ။ ပါပါး ကတော့ ဘေးနား ကနေ သူတတ် နိုင်သလောက်ပြောပြတယ်။ သင် ပေးတယ်။ ဒါပေမဲ့ တစ်ခါ တလေ ကျလို့ရှိရင် ကိုယ့်အနေနဲ့ မလိုက် နိုင်တဲ့အပိုင်းတွေရှိတော့ လမင်းခ ကလည်း လမင်းခသီးသန့် ပါပဲလို့ တော့မြင်စေချင်ပါတယ်။ ဒါပေမဲ့ လည်း Pressureကတော့ ရှိစမြဲ ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရိုးရိုး အပြင်က လမင်းခမဟုတ်ဘူး။ အငဲ ရဲ့သမီးဆိုတော့ အငဲနဲ့ ယှဉ်တာ မျိုးလေးတွေတော့ရှိတာပေါ့။ ကိုယ် အားနည်းရင် အားနည်းသလို တစ်ခါ တလေကျလို့ရှိရင်လည်း စိတ်ပူရတာ၊ စိုးရိမ်ရတာမျိုးတွေ တော့ရှိတာပေါ့” လို့ လမင်းခက ပြောပါတယ်။ ဖခင် ဖြစ်သူရဲ့သီချင်းတွေထဲမှာ အကြိုက် ဆုံးသီချင်းတွေက ဘာတွေဖြစ်မလဲလို့ မေးတော့…

”ပါပါးသီချင်းထဲမှာ လမင်း တကယ်ကို ဆိုချင်တဲ့၊ ကြိုက်တဲ့ သီချင်းတွေရှိတယ်။ အများကြီးရှိ တယ်။ ‘ညမီးအိမ်’ သီချင်းကြိုက်တယ်။ ဦးသော်ဒီဝေပွဲမှာဆိုခဲ့တဲ့ ‘လူစီ’နဲ့ ‘လမ်းပြပါဦး’ သီချင်းတွေကို ကြိုက် တယ်။ တခြားဆိုရင် ‘ဇစ်မြစ်’တို့၊ ‘ဟောင်းသွားပြီလား’တို့၊Own Tune ထဲကဆိုရင် ‘ငရဲတစ်ပိုင်း’တို့၊ ‘အမှတ်တရဒဏ်ရာ’ တို့ အဲဒါတွေက လမင်းရဲ့ Favourite တွေပါ” လို့ လမင်းခကပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here