မျက်နှာခွဲစိတ်ပြုပြင်မှုတွေ ထပ်လုပ်ဖို့ရှိနေသေးတဲ့ နေခြည်ဦး

0
343

Beauty Blogger တစ်ယောက်လည်းဖြစ်၊ သရုပ်ဆောင်တစ်ယောက် လည်းဖြစ်တဲ့ နေခြည်ဦးဟာ မကြာသေးမီကပဲ ကိုရီးယားနိုင်ငံမှာ မျက်ရစ်နဲ့ နှာခေါင်းခွဲစိတ်ပြုပြင်ခဲ့တယ်လို့ သိရပါတယ်။ ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ရတဲ့ အပေါ် နေခြည်ဦးက …

“Beauty Blogger တစ်ယောက်ဖြစ်တဲ့အတွက် အမြဲတမ်းပြင် ဆင်နေရ တာ။ အခုလည်း နေခြည်ကိုရီးယားနိုင်ငံမှာ မျက်ရစ်နဲ့နှာ ခေါင်းပြုပြင်ခွဲစိတ် ပြီးပြီ။ သူများတွေလိုလည်း ခွဲစိတ်ပြုပြင်တာတွေကို မပြောဘဲကိုယ့်ရဲ့ နဂို ရုပ်ပါဆိုပြီး မလုပ်တတ်ဘူး။ နေခြည်က ခွဲစိတ်မှုနဲ့ပတ်သက်ပြီး တအားပွင့် ပွင့်လင်းလင်းနေတတ်တယ်။ နေခြည်တင်ပြီး ပြုလုပ်ကတည်းက နေခြည်သွား လုပ်မယ်လို့ ပြောတယ်။ ပြန်လာတော့လည်း နေခြည်ရဲ့ result ကို ပြောပြ တယ်။ နေခြည့်အနေနဲ့ ဒီခွဲစိတ်မှုကို ပြုလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာ မှန် တယ်လို့ထင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုပိုရှိလာတယ်။ ပြီးတော့ ကိုယ်က မိတ်ကပ်သမား ဖြစ်တဲ့အတွက် မိတ်ကပ်လိမ်းရတာလည်း ပိုပြီးအဆင် ပြေတယ်လို့ထင်တယ်။ ဒီ Vlog ဗီဒီယိုလေးကိုလည်း ခရီးက ပြန်လာရင်တင်ဖို့ နေခြည်ကြိုးစားနေပါတယ်”လို့ ပြောပြပါတယ်။

နေခြည်ခွဲစိတ်ရာမှာ နာကျင်မှုဖြစ်လားလို့မေးတော့ “ခွဲစိတ်တာက ၁၀ မှာ ၂ လောက်ပဲနာတယ်။ မနာဘူး။ နည်းပညာတွေရော၊ ဆရာဝန်တွေရဲ့ ကိုင်တွယ် ကုသမှုတွေရော တအားအဆင်ပြေတယ်။ ပြီးတော့ နေခြည့်ကိုပဲကြည့်။ ခြောက်ရက်လောက်နဲ့ အရောင်ကျတာ တော်တော်ရှားပါတယ်။ သူများတွေ ဆိုလို့ရှိရင် သုံးပတ်လောက်နားရတယ်။ နေခြည်ကတစ်ပတ်နဲ့ အလုပ်ပြန် လုပ်လို့ရပြီဆိုတော့ တော်တော်လေးအဆင်ပြေပါတယ်။ နေခြည်က ဒီလိုခွဲစိတ် ပြုပြင်မှုကို ဝါသနာလည်းပါတယ်။ နောက်ပိုင်းမှာလည်း ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ဖို့ရှိတယ်။ ဒါပေမဲ့ အခုဒီဟာတောင် Result အစစ်ကို မသိရသေးဘူး။ နှာခေါင်းပြင်တာ ခြောက်လလောက်နေမှ တကယ်သိရတာဆိုတော့ နေခြည် ခဏလေးတော့ အချိန်ယူဦးမယ်။ နောက်ပိုင်း မေးရိုးနည်းနည်းပြင်ဖို့ အစီ အစဉ်လေးတွေလည်းရှိပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here