စင်ကာပူမှာ ပရဟိတ အသင်းဖွဲ့ဖို့ စီစဉ်နေတဲ့ ခိုင်နှင်းဝေ

0
474

ခိုင်နှင်းဝေက ပရဟိတလုပ်ငန်းတွေကို အမြဲမပြတ်လုပ်ဆောင်လေ့ရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိရေကြီးနေတဲ့ နေရာဒေသတွေကို လည်း သူ့အသင်းသားတွေနဲ့အတူ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ အခုဆိုရင် ခိုင်နှင်းဝေပရဟိအသင်း က ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း ပရဟိတအသင်းကို ထပ်မံဖွဲ့စည်း လိုက်ပြီဖြစ်ပါတယ်။ အဲဒီမှာတော့ အသင်းသား ၆၈ ယောက် ရှိပြီးသူတို့တွေအနေနဲ့လည်း မြန်မာနိုင် ငံရဲ့ ရေဘေးဒဏ်ခံစားနေရတဲ့ နေရာဒေသတွေအတွက် လာရောက် လှူဒါန်းကြဖို့ အစီစဉ်ရှိတယ်လို့ လည်း သိရပါတယ်။

”သူတို့က အချင်းချင်းရိုင်းပင်းကူညီချင်တဲ့စိတ်တွေနဲ့သူတို့က ကိုယ့်ဘာ သာကိုယ်ဖွဲ့စည်းထားတာ။ အစ်မတောင်မှ နောက်အခါကျရင် သူတို့ လိုအပ်တာလေးတွေကို ကူညီပြီးတော့ လိုက်လှူပေးမယ်လို့ ပြောထားတယ်။ ပရဟိတဆိုတာ ကိုယ်ကချည်းပဲအလှူခံရမှာမဟုတ်ဘူး။ ကိုယ်ကလည်း လှူပေးရမယ်။ ပရိဟိတအချင်းချင်းလည်း ရိုင်းပင်းကူညီရမယ်။ ထိုင်းနိုင်ငံ ရောက်တိုင်းမြန်မာတွေဆီသွားတဲ့အခါသူတို့တွေရဲ့စိတ်ဓာတ်ကိုသိတော့ လေးစား ရတယ်” လို့ ခိုင်နှင်းဝေကပြောပါတယ်။

နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံအပြင်တခြားနိုင်ငံတွေမှာလည်း မြန်မာ တွေအများဆုံးရှိတဲ့ မြို့တွေမှာ ပရဟိတအသင်းတွေ ဖွဲ့သွားဖို့ အစီ အစဉ် ရှိကြောင်း သူကပြောပါတယ်။

”တခြားဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အစ်မကတော့ အစ်မအသင်း နာမည်ခံလိုက်တယ်။ အစ်မခေါင်း ဆောင်ဖြစ်တဲ့အတွက်ကြောင့် တစ် ခုခုများ အမှားအယွင်းဖြစ်ခဲ့ရင် အစ်မနာမည်ထိခိုက်မယ်။ အဲဒီတော့ အစ်မနာမည် တစ်ခုလုံးကို ရင်းပြီး တော့ အစ်မအဖွဲ့အစည်းဖွဲ့ပေးထား တယ်။ အဲဒီအတွက် ကြောင့်မို့ ဒီနာမည်ကို အလွဲသုံးစားမလုပ်ပါနဲ့။ သူများတွေက မေးကြတယ်။ အသင်းကို ဘယ်လိုတွေ ထိန်းသိမ်းမလဲပေါ့။ အစ်မကတော့ မေတ္တာတရားနဲ့ပဲ ထိန်းသိမ်းတယ်။ သူတို့က အစ်မကို ချစ်တယ်။ အစ်မကလည်း သူတို့ကို နွေးနွေးထွေး ထွေးဆက်ဆံတယ်။ အဆင့်အတန်း မခွဲခြားဘူး။ တစ်ပြေး ညီဆက်ဆံတဲ့အခါ သူတို့က အစ်မကိုချစ်တယ်။ အခုလောလောဆယ် တော့စင်ကာပူမှာလည်း အသင်းဖွဲ့ ဖို့ ကြိုးစားနေတယ်” လို့ ခိုင်နှင်း ဝေကပြောပါ တယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here