မြန်မာ့ဇာတ်သဘင်ကို အခြေခံကျကျ သင်ကြားတတ်မြောက်စေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ခဲ့တဲ့ သဘင်ပညာရပ်ဆိုင်ရာ အခမဲ့သင်တန်း

0
163

မြန်မာနိုင်ငံ သဘင်အစည်း အရုံး (ဗဟို) သဘင်ပညာရပ်ဆိုင်ရာ အခမဲ့သင်တန်း (၁/၂ဝ၁၈)ကိုဇွန်လ နဲ့ဇူလိုင်လကစတင်ပြီး ရန်ကုန်မြို့၊က မ္ဘောဇရိပ်သာ၊ ချင်းချောင်းလေ့ကျင့် ရေး ဇာတ်ရုံငယ်မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါသင်တန်းမှာ သဘင် နာယကကြီးများဖြစ်ကြတဲ့ ဦးညီဝင်း စိန်၊ ဦးအောင်တင်ဝင်း၊ ဦးရွှေကြည်၊ ဦးချမ်းသာ၊ ဒေါ်နုနုစိန်၊ ဒေါ်နုနုခင်၊ ဦးမိုးဝင်း၊ ဦးအောင်ကိုမင်း၊ သီရိရာ မဦးခင်ရွှေ၊ ဦးကံ၊ ဦးတင်မိုးဝင်း၊ ဦးသန်းဇော် အောင်၊ ဦးအောင်စိုး လွင်၊ ဦးထက်ကို၊ ဦးစိုးလှိုင်ထွဏ်း၊ ဒေါ်ရွှေကူးတင်၊ ဒေါ်ချိုချိုမွှေး၊ ဒေါ်နန်းဦး၊ ဒေါ်ခိုင်သဇင်သင်း၊ ဒေါ်နှင်းနှင်းဝေ၊ ဒေါ် သင်းသင်းမော်၊ ဒေါ်မြတ်နုသွေး၊ ဦးရွှေဂဲ၊ ဦးမေတ္တာ၊ ဦးကောင်းကျော်၊ ဦးချာလီ၊ ဦးမျောက်ရှုံး၊ ဦးစက္ကောမ၊ ရွာစား ကြီးများဖြစ်သော ဦးစိန်မြအောင်၊ ဦးနေဝင်း၊ ဦးသီရိမောင်မောင်၊ မြန်မာပြည်ကျောက်စိမ်း၊ ဦးမြစည်သူ၊ မွန်ပြည်နယ်ကိုကိုနိုင်၊ ဦးစိန်မင်းနိုင်၊ ဦးဓူဝံ၊ ဦးရဲလင်းဗိုလ်၊ ဦးမောင်မောင်လတ်၊ ဦးအောင် စည်မိုး၊ ဦးဖိုးသင်္ကြန် စတဲ့သဘင် အနုပညာရှင်၊ အတတ်ပညာရှင် များက ပါဝင်ကူညီသင်ကြားပြသပေးခဲ့ကြပါတယ်။သဘင်ဆိုင်ရာ သင်တန်းကိုတော့ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)အနေနဲ့ သဘင်မျိုးဆက်သစ်လူငယ်များအတွက် မြန်မာ့ ဇာတ်သဘင်ကိုအခြေခံကျကျ သင်ကြားတတ်မြောက်စေလိုတဲ့ရည် ရွယ်ချက်တွေနဲ့ အခမဲ့ဖွင့် လှစ်ပေးခဲ့တာပဲဖြစ်ပါတယ်။ သင်တန်း ဆင်းပွဲနဲ့ သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် လ၂၉ရက်နေ့က ပြုလုပ်ခဲ့ပြီး သင်တန်းသား၊သူများက အကများနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။သဘင်အစည်းအရုံး(ဗဟို)အနေနဲ့ သဘင်ပညာရပ်ဆိုင်ရာ အခမဲ့ သင်တန်းများကို နောင်မှာ လည်းဖွင့် လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here