ဇာတ်ကားကိုဖုန်းနဲ့ခိုးပြီးရိုက်ကူးမှုတွေ မလုပ်စေချင်သူ အလင်းရောင်

0
151

သရုပ်ဆောင်အလင်းရောင် ဟာသရုပ် ဆောင်အသစ်တစ်ယောက်ဖြစ်သော်လည်း ရုပ်ရှင် ဇာတ်ကားကြီးတွေမှာပါဝင် ရိုက်ကူးဖို့ကမ်းလှမ်းတဲ့သူတွေရှိတဲ့အတွက် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေ များ လာပြီး အခုလတ်တလောမှာလည်း သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်လျက်ရှိပါတယ်။ သြဂုတ်လ ၁ဝ ရက်နေ့မှာရုံတင်ပြသမယ့်’ဣတ္ထိယ’ရုပ်ရှင်ဇာတ် ကားကြီးမှာ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီ ခိုင်သင်းကြည်၊ ဖွေးဖွေးတို့နဲ့အတူသရုပ်ဆောင်ခဲ့တဲ့ အတွက်အမှတ်တရတွေ ရှိသလိုပညာတွေလည်းရတယ် အလင်းရောင်က…

”ဒီဇာတ်ကားထဲမှာဘုန်းကြီး ကျောင်းသားဓားပြဗိုလ် ရဲ့သားတစ်ယောက်အနေနဲ့သရုပ် ဆောင်ထား ပါတယ်။ ဒီဇာတ်ကားကတော့ပေါ့ ပေါ့ပါးပါးလေးပါပဲ။တအားကြီး ပြင်ဆင်ရတာမျိုးမရှိဘူး။အဓိကက တော့ဒီဇာတ်ကားထဲ မှာမကြီးစိုး၊ မခိုင်လေး၊ဖွေးဖွေးတို့ရဲ့ ဇာတ်ပေါ့။ကျွန် တော်ကတော့အရန်ပံ့ပိုးမှုအနေနဲ့ပဲ ပါဝင်သရုပ် ဆောင် ရတာပါ။ ကျွန်တော်ကအရင်တုန်းကတည်းက ဟာသ ဇာတ်ကားဆိုသိပ်မရဘူး။ အခုမကြီးစိုးတို့၊ မခိုင်လေးတို့၊ ဖွေးဖွေးတို့ရဲ့ သရုပ်ဆောင်မှုတွေက ကျွန်တော့် အတွက် ပညာတွေအများကြီးရတယ်။ ကျွန်တော်က ဟာသ ဇာတ်ရုပ်ကိုလည်း အခုမှ ပထမဦးဆုံးစပြီး သရုပ်ဆောင်ရ တာဆို တော့ နမူနာကြည့်တဲ့အချိန်မှာ လည်းကိုယ့်ကိုယ် ကိုယ် အားမရဘူး။ ဇာတ်ကားထဲမှာ သူတို့ပေးတဲ့ သရုပ်ဆောင်မှုတွေကိုကျွန်တော့်ဘက်က ယူတဲ့ အခါသိပ်ပြီး ဟာသမဆန်ဘူး။ အဲဒီအတွက် ကြောင့်နည်းနည်းတော့အားမရဘူး။ ဒါပေမဲ့ အကောင်း ဆုံးတော့ ကြိုးစားထားပါတယ်။ ဝါရင့် သရုပ်ဆောင် တွေနဲ့အတူတွဲပြီး သရုပ်ဆောင် တဲ့အချိန်မှာ လည်း အမှတ်တရတွေရှိ ပြီးပျော်လည်း ပျော်ရတယ်။ပညာ လည်းရတဲ့အတွက် ကျေးဇူးတင်မိပါ တယ်။ ပရိသတ် ကြီးအနေနဲ့လည်း ဒီဇာတ်ကားလေးရုံ တင်ရင် အားပေး ကြပါဦး” လို့ ပြောပါတယ်။

လက်ရှိမှာလည်း ရုံတင်ပြသနေတဲ့’ကာဗွန်ဒိုင် အောက်ဆိုဒ်’ ရုပ်ရှင်ဇာတ်ကားဟာလည်း ရုပ်ရှင်ပြသ နေချိန်မှာ ဇာတ်ကားကိုဖုန်းနဲ့ခိုးပြီးရိုက်ကူးမှုတွေ ဖြစ် ပေါ်နေပါတယ်။ ကိုယ်ရိုက်ကူးထားတဲ့ဇာတ်ကားခိုးပြီး ရိုက်ကူးခံရတဲ့အပေါ်ခံစားချက်ကိုမေးကြည့်တဲ့အခါမှာ တော့ အလင်းရောင်က…

”ကျွန်တော်လည်းကောင်မလေးတစ်ယောက်က ကျွန်တော်တို့ဇာတ်ကားတွေ ဖုန်းနဲ့ခိုးပြီးရိုက်ကူးတယ် ဆိုတဲ့သတင်းတွေကြားတယ်။ ထုတ်လုပ်ရေးပိုင်း ကလည်း ဒါကိုဖြေရှင်းနေတယ်လို့ကြားတယ်။ ဒီမို ကရေစီရတဲ့ နိုင်ငံဆိုပေမယ့်လည်း ဒီလိုမျိုး တော့ မလုပ်သင့်ဘူး။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လည်း နစ်နာ တဲ့အပိုင်းတွေအများ ကြီးရှိတယ်။ အဲဒါကြောင့်ခိုး လုပ် တဲ့သူတွေလည်းမလုပ်စေချင်ဘူး” လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here