မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကြောင့်ရုပ်ရှင် ရိုက်ကူးမှုတွေ ရပ်နားထားတဲ့မိုးဟေကို

0
183

ပရိသတ်ရဲ့ တစ်ခဲနက်အားပေး မှုကိုရရှိထားတဲ့ သရုပ်ဆောင် မိုးဟေ ကိုကတော့ လက်ရှိ ရုံတင်ပြသလျက် ရှိတဲ့ “ပြန်ပေး” ရုပ်ရှင်ဇာတ်ကားမှာ ရန်အောင်၊ လူမင်း၊ ခန့်စည်သူ၊ ခိုင် သင်းကြည်စတဲ့ သရုပ်ဆောင်တွေနဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေ အကြောင်းကို တော့ မိုးဟေကိုက…

“ဒီဇာတ်ကားမှာ ပါဝင်တဲ့သရုပ် ဆောင်တွေအားလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ သရုပ်ဆောင်ခဲ့ကြ တဲ့အတွက် ဇာတ်ကားက တအား ကောင်းပါတယ်။ ပျော်စရာကောင်း တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ် တယ်။ ကိုယ်တိုင်ပြန်ပြီးကြည့်ရှု တဲ့အခါမှာလည်း တအားကို ကြိုက် ပါတယ်။ ကာရိုက်တာပိုင်းကတော့ ကိုခန့်စည် သူရဲ့ညီမနေရာကနေ ပါဝင်သရုပ် ဆောင်ထားပါတယ်။ ဟာသကာရိုက် တာဆိုတော့ ကိုယ့် အတွက် အခက် အခဲဖြစ်တာပေါ့။ ဒါပေမဲ့လည်းကိုယ် ရဲ့အစ်ကိုတွေ အစ်မတွေက အားလုံး တွဲခေါ်တယ်။ အစပိုင်းကတော့ ကြောက်သလိုလို ရှက်သလိုလို ဖြစ်ခဲ့ ပါတယ်။ နောက် ပိုင်းကျတော့ မု(ဒ်) ဝင်သွားတဲ့ အတွက် အဲဒါတွေလည်း မရှိတော့ဘူး ပေါ့။ နောက်ပြီး တချို့ ဇာတ်ဝင်ခန်း တွေမှာ အသံဝင်နေ တယ်။ ဇာတ် ကားရိုက်ကူးတုန်းက ရာသီဥတုက လည်းပူတယ်။ ရေခဲရေသောက် လိုက်တော့အသံဝင်သွားတယ်။ အဲဒါ ကတော့ မှတ်မှတ်ရရပဲ။ ပရိသတ် တွေလည်းဒီဇာတ်ကားကို လာကြည့် စေချင်ပါတယ်” လို့ ပြော ပါတယ်။

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကြောင့် ဒီနှစ်ထဲမှာ ရုပ် ရှင် ရိုက်ကူးမှုတွေ ခဏရပ်နားထား ပါတယ်လို့ ပြောလာတဲ့ သရုပ်ဆောင် မိုးဟေကိုက …

“အမေ့ရဲ့ ကျန်းမာရေးမကောင်း တဲ့အတွက် ဇာတ်ကားရိုက်ကူးမှုတွေ အကုန်လုံး ရပ်နားထားတယ်။ အမေ့ ကျန်းမာရေးအတွက် ဆုတောင်း ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ လတ်တလော မှာတော့ ကြော်ငြာတို့၊ မဂ္ဂဇင်း၊ ဂျာ နယ်မျက်နှာဖုံးတို့ ရိုက်ကူးတာမျိုးလို တစ်ရက်တာ အလုပ်တွေလောက်ပဲ လုပ်ဖြစ်နေပါတယ်။ နောက်နှစ်ထဲ ကျမှ ဇာတ်ကားတွေ ပြန်ပြီးရိုက်ကူးဖို့ စီစဉ်ထားပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here