ပရိသတ်အကြိုက် သီချင်းတွေ ဆက်လက်သီဆိုသွားမယ့် ချမ်းမြေ့မောင်ချို (Myanmar Idol)

0
271

Myanmar Idol ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုကတော့ သူ့ကို Grand Final အထိ တက်ရောက်နိုင်အောင် ဠသအန ပေးခဲ့ကြတဲ့ ပရိသတ်များနဲ့ တွေ့ဆုံ ပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ပရိသတ်များက တစ်ခဲနက် လာရောက်အား ပေးခဲ့ကြပြီး သူ့အတွက် အင်အားတွေဖြစ်ခဲ့ရပါတယ်လို့ ပြောလာတဲ့ ချမ်းမြေ့ မောင်ချိုက …

“ပရိသတ်တွေအများကြီး လာရောက်အားပေးကြတာတွေ့တော့ တအား ပျော်ပါတယ်။ ပျော်လွန်းလို့ မျက်ရည်တောင်ကျမိပါတယ်။ ဒီရက်ပိုင်းမှာ မောင်ချို နည်းနည်းစိတ်ညစ်နေတာတွေရှိတယ်။ အခုပရိသတ်တွေကို မြင်လိုက် ရတော့ စိတ်ညစ်စရာတွေလည်း အကုန်ပျောက်သွားပါတယ်။ တကယ်လည်း အားပြန်ဖြစ်ရပါတယ်။ ပရိသတ်တွေ၊ We Love တွေက မောင်ချို့ကို အမြဲအား ပေးကြတယ်။ သူတို့ကြောင့်လည်း မောင်ချိုဆိုတာ ဖြစ်လာတဲ့အတွက် သူတို့ စကားကို နားထောင်တယ်။ သူတို့ကတောင် ကိုယ့်ကို အားပေးနေသေးတာပဲ။ ကိုယ်က ဘာဖြစ်လို့ အားငယ်ရမှာလဲ။ သူတို့အပေါ်မှာလည်း ကျေးဇူးဆပ်ချင်တဲ့အတွက် ပြန်ပြီးအားတင်းထားပါတယ်။Winner ရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ ဒီအနုပညာလောကမှာ သီချင်းတွေ ဆက်လက်သီဆိုသွားမယ်။ ပရိသတ်တွေ အကြိုက်ကိုလိုက်ပြီး သီချင်းလေး တွေ သေချာဖန်တီးသွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။ အားပေးတဲ့ပရိသတ်ရှိသလို ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့နေရတဲ့ အတွက် သူ့ရဲ့ စိတ်ခံစားမှုက ဘယ်လိုရှိမလဲဆိုတာ ဆက်လက်မေးမြန်းခဲ့ရာ …

“ဝေဖန်မှုတွေကို မောင်ချို လက်ခံပါတယ်။ ဘာလို့လဲဆိုတော့ မောင်ချိုက ငယ်လည်းငယ်သေးတယ်။ သင်ယူရမယ့် ဟာတွေလည်း အများကြီးရှိသေးတယ်။ မောင်ချို့ကို ကောင်းစေချင်လို့ ပြောတာဆိုရင်တော့ မောင်ချိုအားလုံးကို လက်ခံပါတယ်။ သက်သက် ပုတ်ခတ်တာ ဆိုရင်တော့ ခေါင်းထဲမထည့်ပါဘူး။ အခုချိန်ထိတော့ မောင်ချို ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေပါတယ်”လို့လည်း ချမ်းမြေ့မောင်ချိုက ပြောပြခဲ့ပါတယ်။

 

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here