Mini Album ထွက်ဖို့ ကြိုးစားနေတယ် ဂေဂေး

0
213

‘နင်သာရှိရင်’ဆိုတဲ့ သီချင်းမှာ Featuring ဆိုရင်းနဲ့ သူ့ရဲ့အသံကို ပရိသတ်ကြီး စတင်သတိထားမိတဲ့ အဆိုတော်ကတော့ ဂေဂေးပါ။ ‘မောင့်နောက်လိုက်ခဲ့မယ်’ဆိုတဲ့ သီ ချင်းနဲ့ ပရိသတ်အခိုင်အမာရရှိလာသူတစ်ဦးလည်း ဖြစ်ပါတယ်။ အခု လတ်တလောမှာ တော့ အဆိုတော်တွေ စုပေါင်းပြီး စီစဉ်ဖန်တီးထားတဲ့ တေးစီးရီးခွေတစ်ခွေမှာ ချစ်သူကောင် လေးကိုပြောမထွက်လိုက်တဲ့ ပုံစံမျိုးလွမ်းလွမ်းဆွေးဆွေးသီဆိုရတဲ့ သီချင်းလေး တစ်ပုဒ်ကို သီဆိုထားတာ ထွက်ဖို့ရှိတယ်လို့သိရပါတယ်။ ‘အသည်းကွဲတော့ မူးတယ်’ သီချင်းလေးတစ်ပုဒ်လည်း ထွက်ရှိထားပြီး ပရိသတ်တွေ သဘောကျနှစ်သက် ကြပါ တယ်။ အဲဒီသီချင်းလေး သီဆိုဖြစ်ပုံနဲ့ ပတ်သက်ပြီး ဂေဂေးက…

”အဲဒီသီချင်းလေးက တစ်ခါမှ မသီဆိုဖြစ်တဲ့ ပုံစံမျိုးလေး သီဆိုထားတာပါ။ သီချင်းလေးက အသည်း ကွဲ တယ်ဆိုပေမယ့်တအားကြီးဝမ်းနည်းကြေကွဲနေတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ မူးသွားတယ်။ နောက်ထပ်လည်း အချစ် ဆိုတာကိုမယုံကြည်ဘူး။ မောင့်နောက်လိုက်ခဲ့ပြီးမှ သူ့အသည်းတွေကွဲ သွားတယ်။ အဲဒီလို ပုံစံမျိုးလေးကို ရည်ညွှန်းထားတာဖြစ်တဲ့အတွက် ဟာသပုံစံမျိုးလေးလည်း ဖြစ်နေတယ်။ အဲဒီသီချင်းလေးကို ပရိသတ် ကသဘောကျကြတဲ့အတွက်တအားဝမ်းသာပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

တစ်ကိုယ်တော် တေးစီးရီးခွေနှစ်ခွေထွက်ရှိထားတယ်။ ပရိသတ် အားပေးမှုလည်း ရရှိထားတယ်။ သီချင်းအသစ်တွေကို လည်းပရိသတ်ကထပ်မံထွက်ရှိစေချင်ကြတယ်။တေးစီးရီးခွေ ထပ်ထွက် ဖို့ရှိလားဆိုတဲ့အပေါ်ကို ဂေဂေးက…

”ဂေဂေး Mini Album ကိုဒီနှစ်ကုန်ပိုင်းဒါမှမဟုတ်နောက်နှစ်အစပိုင်းလောက် ထွက်ရှိနိုင် အောင် ကြိုးစားနေတယ်။ သီချင်းလေးတွေ လည်း စုနေတယ်။ ဂေဂေးရဲ့ သီချင်း လေးတွေကိုလည်း MTV ရိုက်ဖို့လုပ်ကိုင်နေတယ်”လို့လည်း ပြောပြခဲ့ပါ တယ်။

ဂေဂေးကို အခုအချိန်ထိ အားပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူး တင်ပါတယ်။ ဂေဂေးသီချင်းသစ်တွေလည်းထပ်မံထွက်ဖို့ရှိပါတယ်။ နားဆင် ကြည့်ပြီး အားပေးကြပါဦးလို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here