သားရဲ့ ပုံကို တတ်တူးထိုးမယ့် မြင့်မြတ်

0
553

သရုပ်ဆောင် မြင့်မြတ်ရဲ့ ဇနီး မခင်သူအောင်ကတော့ သူတို့ နှစ် ယောက်ရဲ့ သားဦးလေးကို သြဂုတ် လ ၇ ရက်နေ့ မနက် ၉ နာရီ ၁၇ မိနစ်က ဝိတိုရိယဆေးရုံမှာ မွေးဖွား ခဲ့ပါတယ်။ သူနဲ့ မွေးနေ့ချင်းတူနေတဲ့ သားဦးလေးကို မွေးဖွားပေးခဲ့တဲ့ အတွက် ဇနီးဖြစ်သူကို ကျေးဇူးတင် ကြောင်းကို မြင့်မြတ်က…

”သူမွေးမယ် ဆိုပြီး ပြောတဲ့အချိန်မှာပဲ ဆရာမက ကလေးထွက်လာပြီလို့ ပြောတဲ့အချိန် မှာ ကလေးအသံကြားရတယ်။ အဲဒီ အချိန်မှာတော့ ကျွန်တော့်မိန်းမ ရော၊ ကျွန်တော်ရော ဘာမှန်းမသိတဲ့ ခံစားချက်တွေဖြစ်ပေါ်ပြီး မျက်ရည် တောင်ကျမိပါတယ်။ ကလေးမွေး ဖွားရတာ တော်တော်မလွယ်ကူတဲ့ ကိစ္စပါ။ ဒီလိုကလေးမွေးဖို့ သူလည်း သတ္တိရှိမှရမှာလေ။ မိန်းမကိုလည်း သနားမိပါတယ်။ ကလေးမွေးတဲ့ အချိန် ကျွန်တော်လည်း အင်္ဂုလိမာလ သုတ်တွေလည်း ရွတ်တယ်။ အဲဒီ ကြားထဲ ကျွန်တော်ရွတ်တာ အဆင် မပြေလို့ တရားခွေဖွင့်ထားလိုက်တော့ တယ်။ (ရယ်လျက်)။ ကလေးက မွေးခါစတော့ သူ့အမေနဲ့တူတယ်။ အခုကျတော့ ကျွန်တော်နဲ့ တူသွား သလို ဖြစ်နေတယ်။ အခုအချိန်က ရုပ်နည်းနည်းပြောင်းတယ်။ မငြိမ် သေးတဲ့အတွက် သူ့အမေနဲ့တူလိုက်၊ ကျွန်တော်နဲ့ တူလိုက်ဖြစ်နေတာပေါ့။ အခုနာမည်ကိစ္စလည်း ပေးဖို့တော့ စဉ်းစားနေတယ်။ ကျွန်တော်နဲ့ နေ့နံ တူတယ်ဆိုရင်တော့ ပေးရတာတစ် မျိုးပေါ့။ ကျွန်တော်စဉ်းစားလည်း စဉ်းစားတတ်တယ်။ အခုက အင်္ဂါ သားဆိုတော့ ကျွန်တော်ဘာနာမည် ပေးလို့ ပေးရမှန်းမသိဘူးဖြစ်နေ တယ်။ တော်ကြာ ကိုယ်က ပရမ်းပ တာပေးရင်လည်း မဟုတ်ပြန်ဘူး လေ။ အဲဒါကြောင့်မို့လို့ ဗေဒင်ဆရာ နဲ့ သေချာမေးပြီးမှ ပေးလိုက်ပါတော့ မယ်။ (ရယ်လျက်)။ အခုဒီကောင့်ကို မွေး ကတည်းက ပရိသတ်တွေဆီက ပြန်ကြားရတာ ဂျင်းကောင်ပေါက် စလေးဆိုပြီး ခေါ်နေကြတာ။ အဲဒီ အတွက်လည်း ကျေးဇူးတင်ပါတယ်။ အခု သားလေးလည်း ရလာပြီဆိုတော့ သူ့ပုံလေးကိုလည်း ကျွန်တော် တက် တူးထိုးဖို့ ရည်ရွယ်ထားတယ်။ အခု မျက်နှာက အပြောင်းအလဲရှိသေး တော့ မျက်နှာငြိမ်မှပဲ တက်တူးထိုး ဖို့လုပ်မယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here