ချစ်သူအသစ်ရသွားတဲ့ Iggy Azalea

0
153

ရက်ပါ Iggy Azalea တစ်ယောက် ချစ်သူ အသစ်ရသွားပြီဆိုတဲ့ သတင်းတွေ ထွက် ပေါ်လာပြီးနောက် မကြာခင် ရက် ပိုင်းအတွင်းမှာပဲ အဲဒီ သတင်းကိုအတည် ပြုနိုင်ခဲ့ပါ တယ်။

Azalea နဲ့ လက်ရှိတွဲနေ တယ်ဆိုတဲ့ ချစ်သူကတော့ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည် နယ်ကိုယ်စားပြုတဲ့ NFL(American Football) အသင်းရဲ့ နာမည်ကျော်ကစားသမား ဒီ အန်ဒရေဟော့ပ်ကင်းလို့ သိရပါတယ်။ ချစ်သူ အ သစ်ရတဲ့ကိစ္စကို အတည်ပြုပေးခဲ့သူကတော့ Azalea ကိုယ်တိုင်ပဲဖြစ်ပါတယ်။

သူက “ကျွန် မချစ်သူတစ်ယောက်ရှာတွေ့နေပြီ။ သူက ဂီတ နယ်ပယ်ကတော့ မဟုတ်ဘူး”လို့ ENEWS ကို ပြောပါတယ်။ ဩဂုတ်လ ၂ ရက်နေ့က ဟော့ပ် ကင်းရဲ့ အင်စတာဂရမ်မှာ တင်လိုက်တဲ့ စုံတွဲပုံပေါ်လာပြီး ပရိသတ်တွေက ဝိုင်း မေးကြတော့ ဟော့ပ်ကင်းက လွယ် လွယ်ကူကူပဲ “ဟုတ်တယ်တကယ် ပေါ့”လို့ ပြန်ဖြေတယ်လို့ သိရပါ တယ်။

ရက်ပါ Azalea ကို ၁၉၉၀ ခုနှစ်က ဩစတြေးလျ နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ် ပြီး ၂၀၁၁ ခုနှစ်ကစလို့ အမျိုး သမီးရက်ပါအဖြစ် ကမ္ဘာတစ် ဝန်းမှာ အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။

Ref:Holly Life


LEAVE A REPLY

Please enter your comment!
Please enter your name here