MMPA Production မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော အလှမောင်၊ မယ်များကို ချီးကျူးဂုဏ်ပြုပွဲ ကျင်းပ

0
211

Myanmar Male Pageant Academy Production(MMPA Production) မှ နိုင်ငံတကာအလှ မောင်၊ မယ်ပြိုင်ပွဲများမှာ သွား ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ် ဆောင်နိုင်ခဲ့တဲ့ အလှမောင်မယ် များကို ချီးကျူးဂုဏ်ပြုပွဲကို သြဂုတ် လ ၈ ရက်နေ့က Vintage Luxury Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ မြန်မာနိုင်ငံ မှ ပြိုင်ပွဲဝင် အလှမောင်မှာ မယ် ၁၃ ယောက်တို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကြီးတွေအပြင် Title ဆုများစွာတို့ကိုပါရရှိ သိမ်းပိုက်နိုင်ခဲ့ ပါတယ်။

Mr Pre-Teen Winner ဆုကိုစည်သူကျော်နဲ့ Mr Teen International Winner ဆုကို ဇော် ရှိုင်းထက်က အသီးသီးရရှိခဲ့ကြပြီး Best Talent ဆုများနဲ့ Title ဆုများ စွာတို့ကိုပါ မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင်အသီးသီးတို့က ရရှိခဲ့ကြပါ တယ်။ MMPA Production မှ တာဝန်ရှိသူတစ်ဦးကလည်း

”ကျွန် တော်တို့ ဒီမြန်မာနိုင်ငံက အလှ မောင်၊ မယ်များက ဒီဆုတွေ အများ ကြီးရယူနိုင်ခဲ့တာကို ကြည့်ခြင်းအား ဖြင့် တော်တော်လေး အလားအလာ ကောင်းတာကို တွေ့ရတယ်။ နောက် နှစ်ပြိုင်ပွဲဝင်တွေအတွက်လည်း ကျွန် တော်တို့ဘက်က အများကြီး ထောက် ပံ့ပေးသွားမှာပါ။ အကောင်းဆုံး ကြိုး စားသွားကြပါ” လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here