Mister Pre-Teen Winner ဆု အပါအဝင် ဆု ၄ ဆုကို နိုင်ငံ့ဂုဏ်ဆောင်ရယူနိုင်ခဲ့တဲ့ Mister စည်သူကျော်

0
194

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ ကျင်းပတဲ့ Prince & Princess International 2018 ပြိုင်ပွဲကြီးမှာMister Pre- Teen Winner ဆုကြီးနဲ့ The Best Talent Award ဆုအပါအဝင် ဆု ၄ ဆုကို ရယူပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် Mister ကတော့ စည်သူကျော်ပဲဖြစ်ပါတယ်။

အခုလိုမျိုးနိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက် ဘယ်လိုမျိုးခံစားရလဲ။ သွားမပြိုင်ခင်ကရော ဘယ်လိုမျိုး ပြင်ဆင်မှု တွေပြုလုပ်ဖြစ်ခဲ့လဲဆိုတဲ့အပေါ်ကိုလည်း Mister စည်သူကျော်က…

”Mister လောကထဲကို စဝင်ပြီဆိုကတည်းက ကျွန်တော်က နိုင်ငံ့ဂုဏ်ဆောင် တအားဖြစ်ချင်တာ။ အရင်တုန်းက ကျွန်တော် ဒီ Mister ပွဲတွေ မပြိုင်သေးဘဲ မော်ဒယ်လ်သင်တန်းတက်တဲ့အချိန်က တည်းက ကျွန်တော့်သူငယ်ချင်းတွေ Mister ပြိုင်ပွဲတွေ ပြိုင်ရင်းနဲ့ ဆုတွေရကြတယ်။ အဲဒီတုန်းကတည်းက ကျွန်တော်တအားအားကျတာ။ ကျွန်တော်လည်း ပြိုင်ပွဲတွေဝင်ပြိုင်တဲ့အခါမှာ Winnerရခဲ့ တယ်။ နောက်ဆုံးကျွန်တော်ဖြစ်ချင်တဲ့ International Winnerဖြစ်ခဲ့တဲ့အတွက် တအားပျော်ပြီး ကျေလည်းကျေနပ် တယ်။ ကိုယ်ကြိုးစားမှုလည်း အရာ ထင်ခဲ့တယ်။ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ တဲ့အတွက် ပြောမပြတတ်လောက် အောင် တအားဝမ်းသာတယ်။ ကျွန်တော်သွားမပြိုင်ခင် ကတည်း က English စာလေ့လာတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့သမိုင်းကြောင်း တွေကို အကုန်လုံးနီးပါးသိအောင် ကြိုးစားတယ်။ အဘက် ဘက်ကနေ ပြည့်စုံအောင်ကျွန်တော်ပြင်ဆင်သွားဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။

အခုမှတ်တိုင်တစ်ခုလည်း စိုက်ထူနိုင် ခဲ့ပြီဆိုတော့ ရှေ့လျှောက်ဘယ်လို အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်သွားမလဲဆိုတဲ့အပေါ်ကိုလည်း…

”ကျွန်တော် အခု မြန်မာနိုင်ငံက Organization နဲ့လည်း စာချုပ်ချုပ် တယ်။ ထိုင်းက Prince & Princess Organization နဲ့လည်း စာချုပ်ချုပ်တယ်။ Organizationနှစ်ခုစလုံးနဲ့ အလုပ်တွဲလုပ်ရမယ်။ Prince & Princess Thailand 2019 အဲဒီပွဲမှာ ဒိုင်သွားထိုင်ပေးရမယ်။ ထိုင်းမှာ ရှိုး လျှောက်ဖို့တွေရှိတယ်။ ထိုင်းမှာ ဆုရတဲ့အတွက်ကြောင့် Pageant နဲ့ပတ်သက်တဲ့အကြောင်းကို ထိုင်းမှာ သွား တက်ရမယ်။ မြန်မာနိုင်ငံမှာဆိုလည်း တတ်နိုင်သ လောက်ပွဲတွေကို City Director ၊ National Director ယူပြီး ပွဲတွေ လုပ်မယ်။ Mister ဖြစ်ချင်တဲ့ လူတွေ၊ Miss ဖြစ်ချင်တဲ့လူတွေကို လက်တွဲခေါ် မယ်။ ကျွန်တော်မျှော်မှန်းထားတဲ့ အသက်အရွယ် တစ်ခုရောက်ပြီဆိုရင်လည်း ကျွန်တော်ပြိုင်ပွဲတွေ ထပ်ပြိုင်မယ်လို့လည်း စည်သူကျော်က ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here