အမြတ်အစွန်းအားလုံးကို ပြန်လည်လှူဒါန်းသွားမယ့် သုခစိန်ရွှေရတနာဆိုင်ဖွင့်လှစ်

0
331

သုခစိန်ရွှေရတနာဆိုင်ဖွင့်ပွဲကို သြဂုတ်လ ၁ ရက်နေ့က မူဆယ် မြို့မှာပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲကိုတော့ သရုပ်ဆောင်နိုင်လူ၊ ဆုပန်ထွာ၊ ခိုင်နှင်းဝေ၊ မျိုးစန္ဒီကျော်တို့လည်း တက်ရောက် ခဲ့ပြီးစည်ကား သိုက်မြိုက်စွာ ပြုလုပ်ခဲ့ပါတယ်။ သုခစိန်ရွှေရတနာ ဆိုင်မှာတော့ စိန်နဲ့ ရွှေထည်ပစ္စည်းများကို ဒီဇိုင်းစုံလင်စွာနဲ့ ဝယ်ယူရရှိ နိုင်မှာဖြစ်ပြီးလူတန်းစားမရွေးဝယ်ယူနိုင်မယ့်ဈေးနှုန်းနဲ့ ရောင်းချပေး သွားမှာဖြစ် တယ်လို့သိရပါတယ်။

”အစ်မတို့အနေနဲ့ ဒီဆိုင်ကရတဲ့ အမြတ်အစွန်းတွေ ကိုလှူဒါန်း မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီဆိုင်ကိုဖွင့်လှစ်တာပါ။ အမြတ်အစွန်း အကုန်လုံးကိုပြန်လည်လှူဒါန်းသွားမှာပါ။ အရည်အသွေး ပိုင်းကိုလည်း ထိန်းထားပါတယ်။ ဈေးလည်းသက်သာအောင်ပြုလုပ်ပေးထားပါတယ်။ဝယ်ယူတဲ့သူတွေစိတ်ကျေနပ်မှုရရှိ အောင်အစ်မတို့အနေနဲ့ ကြိုးစား ထားပါတယ်”လို့ သုခစိန် ရွှေရတနာဆိုင်ပိုင်ရှင် ဒေါ်မိုးသီတာရွှေက ဆိုင်နဲ့ပတ်သက်လို့ ပြောပြပါ တယ။်

ဆိုင်ခွဲများကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး လက်ရာပိုင်းရော အရည်အသွေးပိုင်းရာ အာမခံကြောင်းလည်း သိရပါတယ်။

”ဒီဆိုင်ကလက်ရာတွေကလည်း တအားကောင်းတယ်။ ပြီးတော့သူတို့ကရောင်းရတဲ့ အမြတ် ငွေတွေကိုလည်း ပြန်လှူဒါန်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီဆိုင်မှာ ဝယ်ယူအားပေးတဲ့သူတွေရဲ့အလှူတွေလည်း ပါဝင်မှာပေါ့နော်။ ဆိုင်ခွဲတွေ အများကြီးလည်း ဖွင့်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ဆိုင်ဖွင့်ပွဲကိုတက်ရောက်ခဲ့တဲ့ဆုပန်ထွာကလည်းပြောပါတယ်။

P.038

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here