သမီးအပေါ် အုတ်တံတိုင်းတစ်ခုလို ကာထားပါတယ် ချမ်းမြေ့မောင်ချို ရဲ့ မိခင်အဆိုတော် အိအိ

0
225

Myanmar Idol ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုရဲ့အမေ အဆိုတော်အိအိကတော့ သမီးအပေါ် မိခင်မေတ္တာအပြည့်အဝ ပေးထားသူပါ။ သမီးဖြစ်သူ ချမ်းမြေ့မောင်ချိုကို ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့အပေါ် သူ့ရဲ့ ခံစားမှုကိုလည်း အဆိုတော်အိအိက အခုလို ပြောပြခဲ့ပါတယ်။

“သမီးကို ချစ်ခင်အားပေးကြတာကို အမေတစ်ယောက်အနေနဲ့ တအားပျော်ပါတယ်။ အတိုင်းမသိလည်း ဝမ်းသာ ပါတယ်။ သမီးကို တစ်တိုင်းပြည်လုံး တစ်နိုင်ငံလုံး ချစ်ကြလို့ Vote လုပ်ပေးကြလို့ ဒီနေရာအထိ ရောက်လာတာပါ။ သမီးကိုယ်စား အမေတစ်ယောက်အနေနဲ့ ဝမ်းသာပါတယ်။ Winner ဖြစ်သွားခဲ့ရင်တော့ ပိုကောင်းတာပေါ့နော်။ ဖြစ်ရမယ် လို့တော့ အတင်းမပြောထားပါဘူး။ ဖျော်ဖြေတယ်လို့ပဲ သဘောထားပြီး ယှဉ်ပြိုင်လို့ ပြောထားပါတယ်။ မရခဲ့ရင်လည်း နေရာလေးတစ်ခုတော့ ရောက်သွားပြီပေါ့။ သူ့အဖေနဲ့ Video Call ပြောဖြစ်တယ်။ သူမရှိတော့ အားငယ်တာပေါ့နော်။ ဒါပေမဲ့ အန်တီကတော့ အမေတစ်ယောက်အနေနဲ့ အုတ်တံတားလိုကာထားတယ်။ အဲဒီအတွက်လည်း အန်တီပျော်ရွှင်ရပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

သမီးဖြစ်သူ ချမ်းမြေ့မောင်ချိုကို ဝေဖန်ကြတာကိုလည်း စိတ်မဆိုးပါဘူးလို့ ပြောလာတဲ့ အဆိုတော် အိအိက …

“ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာကတော့ ဘုရားလက်ထက်က တည်းကရှိခဲ့တာလေ။ အဲဒါကြောင့် ကိုယ့်သမီးကို လည်း အကုန်လုံးကြိုက် မယ်လို့မထင်ခဲ့ဘူး။ ချစ်တဲ့သူတွေ ရှိလို့သာ ဒီနေရာကို ရောက်လာတဲ့အတွက် ဝမ်းသာပါတယ်။ တိုက်ခိုက်တာတွေကိုလည်း စိတ်မဆိုးပါဘူး။ လူတစ်ကိုယ်စိတ်တစ်မျိုးဆိုတော့ သူတို့ပြောကြမှာပဲလေ။ အဲဒါကြောင့်လည်း သူ့ Fan ကိုယ့် Fan ဆိုပြီးဖြစ်ကြတာပဲလေ။ သမီး Fan တွေကိုလည်း သူများ Fan ကို အတတ်နိုင်ဆုံး ဘာမှ သွားမပြော ဖို့တော့ ပြောထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here