စာအုပ်ဈေးကွက် ကျဉ်းမြောင်းလာပေမယ့် စာကြည့်တိုက်တွေနဲ့ အွန်လိုင်းကတစ်ဆင့် ပျံ့နှံ့နေတာမို့ အလားအလာကောင်း တွေ့ရတယ် ကိုစန်းဦး (စိတ်ကူးချိုချိုစာအုပ်တိုက်)

0
179

စိတ်ကူးချိုချို စာအုပ်တိုက်ရဲ့ ၁၉ နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲ တော်ကို ဗဟန်းမြို့နယ်၊ ကြားတောရ လမ်းရှိ အဏ္ဏဝါဓမ္မာရုံမှာ သြဂုတ်လ ၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲ အချိန် အတွင်း စာအုပ်များ ရောင်းချခဲ့ပါ တယ်။ အဆိုပါစာအုပ်ဈေး ရောင်းပွဲ မှာ စိတ်ကူးချိုချိုက ထုတ်ဝေတဲ့ စာအုပ်တွေကို တစ်ဦးချင်း ၂ဝ ရာ ခိုင်နှုန်း၊ ကိုယ်စားလှယ်နဲ့ စာကြည့် တိုက် ၃၅ ရာခိုင်နှုန်း အထူးလျှော့ ဈေးနှုန်းများနဲ့ ရောင်းချပေးခဲ့ပြီး ကျပ် ၁ဝဝဝ ဖိုး ၃ အုပ်၊ ၅ဝ ရာခိုင် နှုန်း လျှော့ဈေး စသဖြင့် စာအုပ်တစ် အုပ်ချင်းအလိုက် လျှော့ဈေးတွေ လည်း သတ်မှတ်ထားပြီး ရောင်းချ ပေးခဲ့ပါတယ်။

စိတ်ကူးချိုချိုစာအုပ်တိုက်တည် ထောင်သူ ကိုစန်းဦးက စာအုပ်ဈေး ရောင်းပွဲတော် ကျင်းပဖြစ်ပုံနဲ့ ပတ် သက်ပြီး အခုလို ပြောပါတယ်။ ”ကျွန်တော်က စာရေးဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာတွေ အနုပညာနယ်ပယ်က လူတွေ အတော်များများကိုဖိတ်ပြီး ကျေးဇူး ဆပ်တဲ့အနေနဲ့ အမှတ်တရလက် ဆောင်တွေ ပေးပါတယ်။ နောက်ပြီး ဒီလိုပွဲလုပ်တဲ့အခါ ကိုယ့်တိုက်ထုတ် စာအုပ်တွေအားလုံးကို ခင်းကျင်း ရောင်းချနိုင်တယ်။ စာအုပ်တွေကို လျှော့ဈေးနဲ့လည်း ဝယ်လို့ရအောင် စီစဉ်ပေးထားတဲ့အခါကျတော့ စာ ဖတ်ပရိသတ်တွေအနေနဲ့လည်း အဆင် ပြေစေပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ လူငယ်တွေ စာဖတ် အားနည်းလာကြပြီး စာအုပ်ရောင်း အားတွေ ကျဆင်းလာတာနဲ့ ပတ် သက်ပြီးလည်း ”စာအုပ်ဈေးကွက်က တဖြည်းဖြည်း အရောင်းအဝယ်နည်း လာပြီး ကျဉ်းမြောင်းလာတယ်။ ဒါ ပေမဲ့ တစ်ဖက်မှာက စာကြည့်တိုက် တွေ၊ စာပေဆိုင်ရာအဖွဲ့တွေလည်း ထူထောင်ကြတဲ့အခါ သူတို့တွေက စာအုပ်တွေ ဝယ်ကြပြီး အဲဒီကနေ တစ်ဆင့် ပျံ့နှံ့ကြဆိုတော့လည်း အလားအလာကောင်းတွေ တွေ့ရပါ တယ်။ နောက်တစ်ခုက လူငယ်တွေ ဟာ အွန်လိုင်းမှာပဲ မျောနေတာ ကြောင့် စာအုပ်ရောင်းအားကျတယ် လို့ ထင်ကြတယ်။ ဒါပေမဲ့ အွန်လိုင်း က ပေ့ခ်ျတွေ၊ ဘလော့ဂ်တွေပေါ်မှာ တင်ထားတဲ့ စာတွေကို ကြည့်လိုက်တဲ့ အခါမှာ စာပေကောင်းတွေ တွေ့ရ တယ်။ လူငယ်တွေက အွန်လိုင်းသုံး ရင်း အဲဒါတွေကို ဖတ်ဖြစ်ကြမယ် ဆိုရင် ဒါသည်လည်း စာဖတ်ဖြစ်နေ တာပါပဲ။ လူငယ်တွေအနေနဲ့ စာဖတ် တဲ့အလေ့အထတွေ ရလာပြီဆိုရင် နောက်ပိုင်းမှာ စာအုပ်တွေဘက်ကို ပြန်လှည့်လာမယ်လို့ ယုံကြည်ပါ တယ်”လို့ ကိုစန်းဦးက ပြောပါတယ်။

အဆိုပါစာအုပ်ဈေးရောင်းပွဲမှာ စိတ်ကူးချိုချို စာအုပ်တိုက် တည် ထောင်နှစ် ၁၉ နှစ်ပြည့်အမှတ်တရ အဖြစ် စီစဉ်ထုတ်ဝေတဲ့ စာပေအနု ပညာဆိုင်ရာစာအုပ်များ၊ သမိုင်း အတ္ထုပ္ပတ္တိနှင့် အတွေးအမြင်ဆိုင်ရာ စာအုပ် ရသဝတ္ထုစာအုပ်များ၊ ရသ ဘာသာပြန်စာအုပ်များ၊ နှောင်းခေတ် မှ ၂ဝ ရာစုကုန်အထိ ပြဇာတ်စာပေ များ၊ နဂါးနီတိုက်ထုတ်စာအုပ်များ ပြန်လည်ဆန်းသစ်ထုတ်ဝေခြင်း စာ အုပ်များ၊ ကဗျာဆိုင်ရာ စာအုပ်များ၊ အခြားကဏ္ဍများဆိုင်ရာ စာအုပ်များ စုစုပေါင်း ၉၆ အုပ် အပါအဝင် စိတ် ကူးချိုချို စာအုပ်တိုက်ထုတ် စာအုပ် များစွာကို စုံလင်စွာ ရွေးချယ်ဝယ်ယူ နိုင်ဖို့ စီစဉ်ထုတ်ဝေခဲ့ပါတယ်။ စိတ်ကူးချိုချိုစာ အုပ်တိုက် ၁၉ နှစ် ပြည့် အမှတ်တရ စာအုပ်ဈေးရောင်းပွဲ ကို ရန်ကုန်နဲ့ မန္တလေးရှိ စိတ်ကူးချိုချို စာအုပ်ဆိုင်တွေမှာလည်း တစ်ပြိုင် နက်တည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

စုမွန်


LEAVE A REPLY

Please enter your comment!
Please enter your name here