ဇာတ်ကားထဲမှာသာကြမ်းပြရပေမယ့် အပြင်မှာလူကြမ်းကြီးမဟုတ်ပါဘူး နိုင်လူ

0
322

ng

ဗီဒီယိုလောကအခြေအနေကထုတ်လုပ် ရေးတွေကတဖြည်းဖြည်းနဲ့ နည်းပါးလာပြီး သရုပ်ဆောင် လုပ်တဲ့သူတွေကများပြားလာတဲ့အတွက် ဇာတ်ပို့၊ ဇာတ်ရံ နဲ့ လူကြမ်းတွေ အလုပ်အကိုင်နည်းပါးသွားတာ မျိုးတွေရှိ တယ်လို့ သရုပ်ဆောင် နိုင်လူကပြောပါတယ်။ ဒါကြောင့် လည်း မိသားစုစားဝတ်နေရေးအတွက် ကိုယ်ကျွမ်းကျင်ရာ အခြားအလုပ်အကိုင်လေးတွေကို လုပ်ကိုင် နေကြရ ကြောင်းလည်း ဆက်ပြောပြပါတယ်။ သူကတော့ ကျရာ ဇာတ်ရုပ်နေရာကို ပီပြင်စွာသရုပ်ဆောင်ရပေမယ့် လို့ တော်တော်များများ အခန်းတွေကတော့ပရိသတ်တွေ မုန်းတီးနေရာကချည်းပဲ သရုပ်ဆောင်ရတာတွေများ ပါတယ်။

”ကျွန်တော်ကဇာတ်ကားတစ်ကားမှာ သေရင်သေ မသေရင် အဖမ်းခံရတာချည်းပါပဲ။ ဇာတ်တစ်ခုကို ဘယ် လိုနေရာမျိုးကနေပံ့ပိုးရမလဲဆိုတဲ့ အတွေးမျိုးပဲကိုယ် တွေးတယ်။ အရင်တုန်းကဆိုရင်ကျွန်တော့်မျက်နှာမြင် တာနဲ့ခဲနဲ့ထုချင်တာပေါ့လေ။ ဇာတ်ကား တစ်ကားကြည့် နေရင်းနဲ့ဇာတ်ကားထဲမှာမျောသွားပြီးတဲ့ အခါကျတော့ ကျွန်တော့်ကြောင့်တီဗီကြည့်ရှုနေရင်းနဲ့ တီဗီကိုဆောင့် ကန်လိုက်တဲ့ လူနဲ့ဒေါသတွေထွက်ပြီး ဆဲဆိုလိုက်မိတဲ့ လူတွေလည်း ရှိပါတယ်။ အခုနောက်ပိုင်းကျတော့ လည်း ထင်သာ မြင်သာဖြစ်ပေါ်လာတဲ့အခါဘယ်နေရာမှာပဲ ဖြစ်ဖြစ်ကိုနိုင်လူနေကောင်းလား၊ မင်္ဂလာပါဆိုတဲ့ နှုတ်ဆက်တဲ့ စကားသံလေးတွေကြားနေရပါပြီ။ အဲဒီ အတွက်လည်း ဝမ်းသာပါတယ်” လို့ နိုင်လူကပြောပါ တယ်။

သူ့အနေနဲ့ ကတော့သရုပ်ဆောင်တဲ့အခါမှာ အပြင်ပုံစံပျောက်ပြီး ဇာတ်ကောင်စရိုက်ရဲ့ ပီပြင်မှုကို အလေးထားပြီး ဘယ်လောက်အထိယုတ်မာမလဲ၊ ဘယ်လောက်အထိ ရိုင်းစိုင်း မလဲ ဆိုတဲ့စိတ်ကိုတွေးပြီးပဲ သရုပ်ဆောင်ဖြစ်ပါတယ်လို့ ပြောပါတယ်။ လူကြမ်းတွေက ဇာတ်ကားတွေထဲမှာပဲ ကြမ်းပြရမ်းပြကြပေမယ့် အပြင် မှာတော့ လူကြမ်းကြီးတွေ မဟုတ်ကြပါဘူးလို့လည်း နိုင်လူက ပြောခဲ့ပါသေးတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here