အသိဥာဏ်ကို အသုံးပြုပြီးတော့ သတိမလွတ်ဖို့ လိုပါတယ် အကယ်ဒမီ လူမင်း

0
201

ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ အကယ်ဒမီလူမင်းကတော့ မကြာသေးမီကပြုလုပ်ခဲ့တဲ့ ‘Facebookအကြောင်း အကျိုး၊ အကောင်းအဆိုး’ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ များနဲ့ သူကိုယ်တိုင် Facebookလူမှုကွန်ရက်ကို အသုံးပြုကြောင်းကိုလည်း သရုပ်ဆောင်လူမင်းက အခုလိုပြောပြခဲ့ပါတယ်။

”အစ်ကိုတို့ဆီမှာလည်း သန်းသုံးဆယ်လောက် Facebookကို အသုံးပြုနေကြတယ်။ အားလုံးနဲ့လည်း သက်ဆိုင်တဲ့ ကိစ္စဆိုတော့ ကိုယ့်အမြင်လေးတွေလည်း ဆွေးနွေးခွင့်ရအောင် ပါဝင်ဖြစ်တာပါ။ Facebookဆိုတာကတော့ စကား ဝိုင်းမှာ ကဏ္ဍစုံရာက လူတွေဆွေးနွေးသွားသလိုပါပဲပေါ့။ ဘယ်ခေတ်ဘယ်အခါမှာမှ မရရှိခဲ့တဲ့ အကောင်းတွေ အကျိုးပြု တဲ့ဟာတွေ အများကြီးရှိလည်း ရှိပါတယ်။ အဲဒီထဲမှာမှ အကောင်းနဲ့အဆိုးဆိုတာကတော့ နေရာတိုင်းမှာရှိတာပေါ့နော်။ အဲဒီတော့ ကောင်းတဲ့ဘက် အသုံးပြုတဲ့ ငြိမ်းချမ်းတဲ့ဘက်ကို သွားနေတဲ့ လူမှုအသိုင်းအဝိုင်းကြီးက ဆိုးတဲ့ဘက်ကို သွားနေတဲ့ လူမှုအသိုင်းအဝိုင်းကိုလည်း ပစ်ပယ်မထားဘဲ ကိုယ်ပတ်ဝန်းကျင်မှာ တစ်နိုင်တစ်ပိုင်ဆွဲခေါ်ပြီး အားလုံး ကောင်းတဲ့ဘက်ကို ဦးတည်သွားဖို့ ကြိုးစားသင့်တယ်လို့တော့ယူဆပါတယ်။ အစ်ကိုကတော့ ဒီအသက်အရွယ်နဲ့ Facebookအသုံးပြုတာကတော့ သတင်းကြည့်တဲ့ သဘောမျိုးပေါ့နော်။ တစ်ကမ္ဘာလုံးမှာ ဘာတွေဖြစ်နေလဲ။ ရာသီဥတု သတင်းက အစပေါ့။ သတင်းအနေနဲ့ သုံးဖြစ်ပါတယ်။ အစ်ကိုတို့ လူတွေဆိုတာက အသိဥာဏ်ရှိတဲ့လူတွေပါ။ ကိုယ့်အသိ ဥာဏ်ကို အသုံးပြုပြီးတော့ သတိမလွတ်ဖို့လိုပါတယ်။ အဲဒီအသိဥာဏ်လေးနဲ့ သုံးမယ်ဆိုရင်တော့ အဆင်ပြေမှာပါ”လို့ ပြောပြခဲ့ပါတယ်။

လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးများ မူပိုင်ခွင့်လျော့နည်းလာပြီး တစ်ကားပြီးတစ်ကား Facebookပေါ် ပျံ့နှံ့လာတာကလည်း ရုပ်ရှင်တစ်လောကလုံးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ ဆက်လက်ပြီး ရုပ်ရှင်ဇာတ်ကား တွေ လုံခြုံမှုရှိလာဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲလို့ မေးမြန်းခဲ့ရာ ..”

Facebookအသုံးပြုသူတွေ အနေနဲ့ကလည်း တချို့ သူတို့ Page တွေ Account တွေမှာ ရည်ရွယ်ချက်မရှိဘဲနဲ့ သူငယ်ချင်းတွေ ကြည့်ရအောင်ဆိုပြီး share လုပ်ကြတယ်။ အဲဒီလိုလုပ်လိုက်တာသည် ပြစ်မှုမြောက်တယ်ဆိုတာ မသိကြတဲ့ Facebookအသုံးပြုသူတွေကိုလည်း ကျွန်တော်တို့က အသိပညာပြန့်ပွားဖို့ လုပ်ဆောင်သင့်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here