မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့ကြတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူများရဲ့စကားသံများ

0
206

Private Teachers Association နှင့် မြန်မာနိုင်ငံသ ဘင်အစည်းအရုံး တို့ ပူးပေါင်းစေလွှတ်ခဲ့တဲ့ ရုရှားနိုင်ငံ၊ ဗလာဒီဘော့ စတော့မြို့ရှိ အိုကီယမ် လူငယ်စင် တာ ( OKEAN All Russian Children Center ) မှာဇူလိုင်လ ၁၇ရက်နေ့မှ သြဂုတ်လ ၇ရက်နေ့ထိ ကျင်းပသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်တဲ့ လူငယ်ပွဲတော်မှာ Live, Create, Dream လို့ အမည်ပေးထားသော အနုပညာ ပွဲတော် တစ်ခုလုံး ဆိုင်ရာ (Grand Prix) တစ်ဆုတည်းသော အမြင့်ဆုံးဆုကို မြန်မာနိုင်ငံမှ ဆွတ်ခူး ရရှိခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများထဲမှထွန်းဝီရ၊နေမိုးဝင်း၊ကောင်းစစ်မင်း တို့ရဲ့ စကား သံများကိုဖော်ပြပေး လိုက်ရပါတယ်။

နေမိုးဝင်း

ဆုတော့ရမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ဒီလိုအမြင့် ဆုံးဆုရ မယ်မှန်း မသိခဲ့ဘူး။ ဆုကြေညာတဲ့ အချိန် မှာမြန်မာဆိုပြီးကြားလိုက်ရ တဲ့အချိန်မှာ ရင်တောင် တအားကြီး မခုန်လိုက်နိုင်ပေမယ့် ရသွားတဲ့ အချိန်မှာတော့ တအားပျော်မိတယ်။ ကျွန်တော်တို့ နိုင်ငံတကာ ကျောင်းသား ကျောင်းသူတွေနဲ့လည်း သူငယ်ချင်းတွေဖြစ်ရတယ်။ အတွေ့ အကြုံတွေလည်း အများ ကြီးရပါတယ်။ မြန်မာနိုင်ငံရောက်တော့လာရောက် ကြိုဆိုကြတဲ့သူတွေကို မြင်တော့ စိတ် တွေတောင်လှုပ်ရှားမိတယ်။ ကြည်နူး ပီတိလည်း ဖြစ်ရပါတယ်။

ထွန်းဝီရ

တခြားနိုင်ငံတွေကလည်း အများကြီးပဲ။ ဆုရမယ်ဆိုတာကိုလည်း ကျွန် တော်တို့အနေနဲ့အများကြီးမ မျှော်လင့်ထားဘူး။ အဲဒီအချိန်မှာမြန်မာဆိုပြီးကြေညာလိုက်တော့ တအားပျော်မိတယ်။ ကျွန်တော်တို့ အနေနဲ့ အတွေ့အကြုံတွေကတော့ အများကြီးရခဲ့ပါတယ်။အခုမြန်မာနိုင်ငံကိုရောက်တော့လည်း ကျွန်တော်တို့ကို ကြိုဆိုနေတဲ့လူတွေအများကြီးကို တွေ့ရတော့ အံ့သြပြီးပျော်ရွှင်ရပါတယ်။

ကောင်းစစ်မင်း

အမြင့်ဆုံးဆုကိုမြန်မာလို့ ကြေညာလိုက်တဲ့အချိန်မှာ တခြား နိုင်ငံက အသင်းတွေကို ကျွန်တော့် အနေနဲ့ အားနာမိ တယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေလည်း ဖြစ်နေ ကြပြီဆိုတော့ အားနာမိတာမျိုးပါ။ သူတို့လည်းတော်ကြ ပါတယ်။ သူတို့ တအားအံ့သြသွားတာက တော့ ကျွန်တော်တို့ အားလုံးစုပြီးတော့ ‘မင်္ဂလာပါ’ သီချင်းနဲ့ကတာ ရယ်၊ ကိုကြီးနေမိုးဝင်းတို့ ကတာရယ်ကို ကြည့် ပြီး သူတို့ တအားအံ့သြသွားခဲ့ကြတယ်။

လင်းအက္ခရာ

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here