တစ်ပွဲလုံးကို Orchestra နဲ့ ဖျော်ဖြေသွားမယ့် အဆိုတော် ဝေလ ရဲ့ One Man Show

0
341

ရာသီဥတုနဲ့လည်း သက်ဆိုင် သလို အသံပိုင်းဆိုင်ရာမှာလည်း အကောင်းဆုံး ကြိုးစားထားတယ်ဆို တာကို သေသေချာချာလေး သီဆိုပြ ချင်တဲ့အတွက် One Man Show ကို အမျိုးသားဇာတ်ရုံမှာ ကျင်းပဖို့ ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း အဆိုတော် ဝေလကပြောပါတယ်။

“One Man Show ကတော့ ကျွန်တော် စက်တင်ဘာ ၂၉ရက်နေ့၊ အမျိုးသားဇာတ်ရုံမှာ လုပ်မှာပေါ့။ အဲဒီပွဲမှာတော့ ကိုဓီရာမိုရ်ရဲ့ ဂီတ ကဗျာရယ်၊Runner ရယ်နဲ့ တစ်ပွဲလုံးကို Orchestra နဲ့ပဲ သီဆို ဖြစ်ကြမှာပါ” လို့ ဝေလကပြောပါ တယ်။ ရှေ့မှာ Big Bag Show တုန်းကလည်း Orchestra နဲ့ Arrangement ပြုလုပ်ခဲ့ကြသေး တယ်။ အခု ဝေလအလှည့်ပေါ့။ သီချင်းတွေကို Orchestra နဲ့ Arrange ပြုလုပ်တာက ဘာတွေ ကောင်းလဲလို့ မေးတော့…..

“နားထောင်ရတဲ့ပုံစံ၊ စတိုင်လ် တွေ မတူတော့ဘူးပေါ့။ တချို့ဟာ တွေဆို စတိုင်လ်တွေပါပြောင်းသွား မယ်။Harmon ဆိုရင်လည်း Quior တွေ အများကြီးထည့်ပေါ့။ အတတ်နိုင်ဆုံး၊ အကောင်းဆုံးတော့ ကြိုးစားနေတယ်။ အဓိကက သီချင်း တွေ ရွေးနေတယ်။ ကိုဓီရာမိုရ်ဆီကို လည်း သီချင်းတွေပို့ထားတယ်။ သူနဲ့ တိုင်ပင်ပြီး သီချင်းတွေရွေးနေပါ တယ်” လို့ ဝေလကပြောပါတယ်။ Wai La Live in 360 with Orchestra ရှိုးပွဲမှာ သီချင်းပုဒ်ရေ ဘယ်နှပုဒ်လောက် သီဆိုဖျော်ဖြေသွား ဖို့ မှန်းထားလဲဆိုတော့…

“သီချင်း ပုဒ်ရေ ၂၀ ကျော်၊ ၂၅ ပုဒ် ပတ်ဝန်း ကျင်လောက်တော့ သီဆိုဖြစ်မယ်ထင် တယ်။ လောလောဆယ်တော့ အပုဒ် ၃၀ လောက်ထဲမှာမှ ကျွန်တော်တို့ရွေး နေတယ်။ အဓိက ကတော့ ၁၉၈၂ အယ်လ်ဘမ်ထဲက ကျွန်တော် စင် ပေါ်မှာ သိပ်မသီဆိုဖြစ်တဲ့သီချင်း တွေလည်းပါမယ်။ တစ်ခွေချင်း၊ တစ် ခွေချင်းစီက သီချင်းတွေလည်းပါမှာ ပါ” လို့ ဝေလက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here