ထာဝရချစ်သူ သီချင်းရဲ့ နောက်ကြောင်းရာဇဝင်ကို ပြန်လည် ပြောပြခဲ့တဲ့ ငဲငယ်လေး

0
324

အခုခေတ်က အွန်လိုင်းခေတ် ဖြစ်နေတော့ သီချင်းတစ်ပုဒ်ချင်းစီ ကို Music Video ရိုက်ကူးပြီး အွန်လိုင်းကနေပဲ တင်သွားဖို့ရှိ တယ်လို့ ချစ်စမ်းမောင်ရဲ့ သမီး ဖြစ်သူ အဆိုတော် ငဲငယ်လေး ကပြောပါတယ်။ ငဲငယ်လေး ကတော့ ‘အိပ်မက်နဲ့ စိတ် ဓာတ်’ဆိုတဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ်ထွက်ရှိထား သူပါ။

“ပထမစီးရီးခွေပြီးတာနဲ့ ငယ် လေး Big 9နဲ့ MTV ရိုက်ကူးနေပါ တယ်။ ပြီးတော့ Big 9 ရယ်၊ 5 Plus ရယ်အတူပြုလုပ်တဲ့ Musical Journey ဆိုတဲ့အစီအစဉ်နဲ့ ငယ် လေးတို့ ခရီးထွက်နေပါတယ်။ လာ မယ့်အပတ်ထဲမှာလည်း ခရီးတွေ ထွက်ဖို့ရှိပါတယ်။ ပြီးရင် ဒုတိယစီး ရီးခွေအတွက်လည်း သီချင်းတွေ အများကြီး ရပါပြီ။ ဒုတိယအခွေထက် စောထွက်မယ့် Gopel Album လည်း ၁၁ လပိုင်းမှာ ထွက်ဖို့ရှိပါတယ်” လို့ ငဲငယ်လေးက သူရဲ့ လတ် တလော အနုပညာလှုပ်ရှားမှုကို ပြောပြပါတယ်။ ငဲငယ်လေးနဲ့ Olivier Cottone တို့ သီဆိုထားတဲ့ ‘ထာဝရချစ်သူ’ ဆိုတဲ့ သီချင်းလေးကလည်း ပေါက်ခဲ့ပါတယ်။ Olivier ကလည်း မြန်မာလို ပီပီသသ သီဆိုသွားနိုင်ခဲ့တယ်။ သီချင်းလေးကလည်း ငဲငယ်လေးအသံနဲ့ လိုက်ဖက်တယ်။ ဘယ်လိုစိတ်ကူးနဲ့ ဖန်တီးဖြစ်သွားတာလဲလို့ ဆိုတော့….

“ဒီသီချင်းက ငယ်လေး ဖေ့စ်ဘွတ်ခ်ပေါ်မှာ Single တင်လိုက်တာ။ မထင်မှတ်ဘဲ ပရိသတ်က အားပေးကြတဲ့အတွက် အတိုင်းမသိ ဝမ်းသာရပါတယ်။ ကျေးဇူးလည်း အများကြီး တင်ရပါတယ်။ ဒီသီချင်းကတော့ ငယ်လေးရဲ့ သူငယ်ချင်းရေးထားပေးတာ ဖြစ်ပါတယ်။ Olivier နဲ့ သီဆိုထားတာပါ။ သူက တအားကြိုးစားပါတယ်။ မြန်မာပြည်ကိုလည်း အလွန်ချစ်တယ်ပြောပါတယ်။ သူက ပုဂံမှာ နေတယ်။ ရန်ကုန်မှာနေပါ ဆိုရင်တောင် မနေဘူး။ ပုဂံဘက်က Life Style ကိုပဲ ကြိုက်တယ်လို့ သူပြောပါတယ်။ သူနဲ့က ဖေ့စ် ဘွတ်ခ်မှာ စခင်တာဖြစ်ပါတယ်။ သူက ဗိုလ်အောင်ဒင်သီချင်းကို မြန်မာလိုသီဆိုထားတာကို တွေ့တယ်။ အဲဒီမှာ ငယ်လေးတို့တွေ Friend ဖြစ်သွားတယ်။ သူက Duet Song လုပ်ချင်တယ်ဆိုပြီး ငယ်လေးကို လာကမ်းလှမ်းတယ်။ ငယ်လေးကလည်း သီချင်းရှိတာနဲ့ သူနဲ့ Collaboration လုပ်ဖြစ်သွားတာပါ” လို့ ငဲငယ်လေးက ပြောပြခဲ့ပါ တယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here