သူငယ်ချင်း နှစ်ယောက်ကြားမေ့မရနိုင်တဲ့ အမှတ်တရအကြောင်းပြောပြတဲ့ဝင်းသပြေထွန်း

0
253

အနုပညာလောကထဲမှာ အနု ပညာမောင်နှမတွေ၊ အနုပညာညီ အစ်မတွေဆိုတာ သိပ်ကိုချစ်ခင်ကြတဲ့ သူတွေပါ။ သူတို့ဟာလုပ်ငန်းခွင်မှာ အနုပညာအလုပ် တွေ လုပ် ကိုင်ရင်း နေ့စဉ်ထိတွေ့ပြောဆိုနေ ကြသူတွေ ဖြစ်တဲ့အတွက်လည်း ခင်မင် ရင်းနှီးခဲ့ကြတာလည်းဖြစ် ပါတယ်။ ဝင်းသပြေထွန်းနဲ့ ဧကရီစုစံ တို့ နှစ်ယောက် ကတော့ ရွာဇာတ် လမ်းတွဲရိုက်ကူးခဲ့စဉ်ကစလို့ ခင်မင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့သူတို့ဟာ တစ် ယောက်နဲ့ တစ်ယောက်ညီအစ်မအ ရင်းတွေသဖွယ် ချစ်ခင်ခဲ့ကြပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဖော်တွေ လည်းဖြစ်ခဲ့ပါတယ်။ နှစ်ဦးသားခရီးတွေလည်း အများ ကြီး သွားဖြစ်ခဲ့ကြသလို ခရီး တိုင်းမှာလည်းအမှတ်တရ တွေများစွာရှိခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပေါ်ပြူလာ အနေနဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ အလှပုံရိပ် လေးတွေကို ဓာတ်ပုံရိုက်ရင်း အင်တာဗျူးဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းနှစ်ယောက်ကြားက အမှတ်တရ

အမှတ်တရကျန်ခဲ့တာက စိတ် မကောင်းစရာပါ။ စုက ညီမတို့ ဇာတ်နဲ့ သီချင်းလိုက်ဆိုတယ်။ ဖြစ်ချင်တော့ ပွဲရက်ကလည်းတိုးတယ်။ အဲဒီတော့စုနေလို့ရသေးလားလို့ မေးတော့သူက လည်းရတယ်ပေါ့။ ဒါပေမဲ့ အဲဒါက သူ့အတွက်ရော ကိုယ့်အတွက်ရောက ဘဝမှာဘယ် တော့မှမေ့မရနိုင်တဲ့ အမှတ်တရကြီး ဖြစ်သွားတယ်။ စိတ်လည်းမကောင်းဘူး။ ရန်ကုန်ပြန်မယ့် မနက် မှာတင် စုအမေကဆုံးသွားတာ။ ကိုယ့် သူ့ငယ်ချင်းမိခင်တစ်ယောက် ဆုံးပါးသွားတာကို ကိုယ်က နောက် ဆုံးအချိန်ကို မမီလိုက် သလို ဖြစ်တာပေါ့လေ။ ပြီးတော့စုအမေက နေမကောင်းဖြစ် ပြီးတော့ ဆုံးတာမျိုးလည်းမဟုတ်ဘူး။ ရုတ်တရက်ကြီး ဆုံးသွားတာဆိုတော့လေ။ သူလည်း ယူကျုံးမရဖြစ်တယ်။ ကိုယ်လည်း ဘယ်လိုမှ စိတ်မကောင်းဘူး။ အဲဒါ ကတော့ ဘယ်တော့မှ မေ့မရနိုင်တဲ့ အမှတ်တရပါပဲ။

အားကျရတဲ့အချက်

ရွာဇာတ်လမ်းတွဲစတင် ရိုက်ကူး ခါစက ဆိုရင် သူက ချောတယ်လေ။အဲဒီတော့ အားကျမိတယ်။ ကိုယ်က မိန်းကလေး ချောချောလေးတွေဆိုရင် ကြိုက်တယ်(ရယ်လျက်)၊ သူကအိုက် တင်ကအစ ကောင်းတယ်။ သူက လည်းအိုက်တင်နဲ့ ပတ်သက်လို့ သင်ပေးတယ်။

တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်းတူကြလား

တော်တော်များများကတော့ အကြိုက်ချင်းတူတာ များပါတယ်။ ချစ်သူရည်းစားက တော့အကြိုက်ချင်းမတူကြဘူး (ရယ်လျက်)၊ အဝတ်အ စားလည်းအကြိုက်ချင်းတူတယ်။ မြန်မာဆန်ဆန်ဝတ်တာလည်း တူတယ်။ မိန်းကလေးဆန် ဆန်ကြိုက် တာလည်းတူတယ်။ အစားအသောက်လည်း တူတယ်။ စိတ်ချင်းလည်းတူ တယ်။ သူငယ်ချင်းနှစ် ယောက်က မတူလို့ တအားညှိရတယ်ဆိုတာတော့သိပ်မရှိဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here