Suicide လုပ်ဖို့အထိတောင် စဉ်းစားခဲ့ဖူးတယ် အေသင်ချိုဆွေ

0
295

“ပေါက်တဲ့အိုး”၊ “အနီးဆုံးလူ နမ်းမှာလား”၊”Play Boy” တစ်ကိုယ် တော်စီးရီးခွေ သုံးခွေထွက်ရှိခဲ့ပြီး သီ ချင်းခွေများစွာမှာလည်း သီချင်း ကောင်းများစွာကို သီဆိုခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိ ခဲ့တဲ့သူကတော့ အေသင်ချိုဆွေပါ။

အခုအနုပညာလောကထဲကို တစ်ကျော့ပြန်လည်ဝင်ရောက်လာပြီးတဲ့ နောက် အေသင်ချိုဆွေဟာ သူ့ရဲ့ ” We Love Athen Cho Swe Fan” များနဲ့ ဩဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့၊ အလုံလမ်းရှိ၊ Music Box တွင် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။ အခုလတ်တလော “အသည်းကွဲ သီချင်းတွေ မဆိုတော့ဘူး”ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားမှာ တအားရေပန်းစားနေတယ်။

အဲဒီသီချင်းနဲ့ပတ်သက်ပြီး အေသင်ချိုဆွေက….

“ဒီသီချင်းလေးက ကိုမိုးထက်ရေးပေးတယ်။ ကိုမိုးထက် တီးပေးတယ်။ သူပဲအကုန် လုံး အစအဆုံးလုပ်ပေးတယ်။ အဲဒါ နဲ့ ဆိုဖြစ်သွားတယ်။ ပရိသတ်ကြီးက အေသင် ကို ပြန်လက်ခံပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ အေသင်ဟာ ပရိ သတ်နဲ့အဆက်အသွယ်ပြတ်နေတဲ့အချိန် အတောအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် Suicide လုပ်ဖို့အထိတောင် စိတ်ဓာတ်ကျခဲ့တယ်လို့ သိရတယ်။ အဲ ဒီလိုအခြေအနေမျိုးကနေ ဘယ်လိုစိတ်ဓာတ်မျိုး၊ ဘယ်လိုခံယူချက်မျိုးနဲ့ အနုပညာလောကထဲကို တစ်ခေါက် ပြန်လည်ဝင်ရောက်လာဖြစ်တာလဲဆိုတဲ့အပေါ်….

“အဲဒီအချိန်တုန်းက တစ်ယောက်တည်းဖြစ်နေတဲ့အချိန်၊ တစ်ခုခုဖြစ်ပြီဆိုလည်း ပြောပြ၊ ရှင်းပြရမယ့်လူမရှိဘူး။ ကိစ္စတစ်ခုခုမှာ Stress ရလာလို့ ခံစားရတယ်ဆိုရင် နားထောင်ပေးမယ့် လူလည်းမရှိဘူး။ ကိုယ့်ကိုယ်ကိုယ် တစ်ချိန်လုံး ရှုံးနေသလိုကြီးပဲ ခံစားနေရတယ်။ ကိုယ့်ကိုယ်ကိုယ် Suicide လုပ်ဖို့ အထိတောင် စဉ်းစားခဲ့ ဖူးတယ်။ အခုအချိန်မှာတော့ အဲဒီလို စိတ်မျိုးမရှိတော့ပါဘူး။ လူတွေနဲ့ ဆက်ဆံတဲ့အခါ ကောင်းတဲ့ဘက်ကပဲ စဉ်းစားတယ်။ အများကြီးတွေ လိုက်မစဉ်း စားတော့ဘူး။ အခု reborn အနေနဲ့ အေသင်အနုပညာအလုပ်တွေ ပြန်လုပ်တဲ့အချိန်မှာလည်း အရင်တုန်းကနဲ့မတူတဲ့တအားကို Strong ဖြစ်တဲ့ မိန်းမ တစ်ယောက်လိုပဲ ဖြစ်ချင်တော့တယ်”လို့ အေသင်ချိုဆွေက ပြောပြခဲ့ပါတယ်။

အေသင် Mini Album ထွက်နိုင်ဖို့လည်း ကြိုးစားနေတယ်။ ကိုဝေကြီးရေးပေးထား တဲ့ သီချင်းအေးအေးလေးရယ် ကိုသားသားရေးပေးထားတဲ့ သီချင်း အမြူးလေးရယ် နှစ်ပုဒ်ထဲကတစ်ပုဒ်ကို online ကနေ Single Song အနေနဲ့ တင်ဖြစ် မယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here