ပရိသတ်နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြတဲ့ လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ အဖွဲ့သားများ

0
177

ဩဂုတ်လ ၁၇ ရက် နေ့မှာ စတင်ပြီး “လူကြမ်း တစ်ယောက်ရဲ့ ဒိုင်ယာရီ” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင် ပြသပြီ။ ဩဂုတ် ၁၈ ရက် နေ့၊ နေ့လယ်ပိုင်းမှာ အမှတ် တရလက်မှတ် ရေးထိုးပွဲကို ရှေ့လဆောင်ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပြီး ပါဝင်အားဖြည့် ကြတဲ့ သရုပ်ဆောင်များနဲ့အတူ မြင့်မြတ်လည်း လာရောက်ခဲ့တယ်။ ပရိသတ် တွေအားပေးကြတယ်။ အဓိက သရုပ်ဆောင်နေရာကနေ ပါဝင်တဲ့ ယုန်လေး ကတော့ …

“မှတ်မှတ်ရရ ကျွန်တော်တို့ ဘဝမှာ ရုပ်ရှင်အနေနဲ့ ပထမဆုံး ကျွန်တော် တို့ အသစ်တွေကို ကိုလူ မင်းက ကျွန်တော်တို့ကို ကူညီပေးထားတဲ့ကားဆိုတော့ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ လက်မှတ်ထိုးပွဲလေးလုပ်တာပါ။ လာရောက် အားပေးကြတဲ့ပရိသတ် တွေတွေ့ရတော့လည်း တအား ဝမ်းသာပါတယ်” လို့ ပြောပါတယ်။ ပြီးတော့ လူငယ်တွေကို လက်တွဲခေါ်ပြီး ပါဝင်သရုပ်ဆောင်ပေး ထားတဲ့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီ လူမင်းကလည်း ..

“ရုပ်ရှင်ဇာတ်ကား တစ်ကားက ဒီနေ့ခေတ်က ရုံတင်တယ်ဆိုလို့ရှိရင် အရင်တုန်းကလို မဟုတ် တော့ဘူး။ အပြိုင်အဆိုင်တွေ ဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့ ထုတ်လုပ် သူတွေ၊ သရုပ်ဆောင်တွေဘက်ကလည်း ရုံတင်တဲ့ဇာတ်ကားအပေါ် ပရိုမိုးရှင်း လုပ်ရတာပေါ့နော်။ ပရိ သတ်တွေ ဒီထက်ပိုပြီး စိတ်ဝင်စားအောင်၊ ပရိသတ် တွေပိုပြီး အားပေးအောင် ကျွန်တော်တို့ဘက်ကလည်း ဇာတ်ကားကြီး ရိုက်ကူး ပြီးသွားပေမယ့် နောက်ပိုင်းမှာ ပရိုမိုးရှင်းကိစ္စတွေကလည်း ဈေးကွက်စီးပွားရေး စနစ်အရ မဖြစ်မနေလုပ်ရမယ်ဆိုတော့ ကျွန်တော်တို့တွေ စုစု စည်းစည်းလုပ်ကြ ရတဲ့ သဘောပါပဲ” လို့ ပြောပြခဲ့ ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here