“ချစ်တယ်ဆို ပြုံးပြ”လို့
ပြောတတ်သူလေးရေ
ရှစ်ခေါက်ချိုးနဲ့ငါ့မျက်နှာကြီးက
မင်းကို လွမ်းနေပြီ
“ဒါက ငိုစရာလား အရူးရဲ့”လို့
လာစနောက်ပါဦးလား
ပုလဲတြွေေကမကျတာ သိပေမယ့်
မျက်ဝန်းအိမ်က သွေးခြည်ဥလေပြီ
“လာ ဖက်ထားမယ်” တဲ့
အဲဒီ ရင်ခွင်ရဲ့ အေးမြမှုကို
ဒီည တခမ်းတနား တမ်းတယ်
ဘာတွေဖြစ်ပြီး ဘာတွေခံစားနေရလဲ
မင်းမရှိတဲ့ မြို့မှာ
ငါ့နှလုံးသားတော့ အမှောင်ကျချေပြီ
မပြေလည်ခြင်းရဲ့ဝဲဂယက်ကြောင့်လား
ဖျားများနေလေသလား
စိုးထိတ်မှုတွေနဲ့
စီးကရက်တစ်လိပ်ကိုခဲခဲ့
အူထွက်လာတဲ့ မီးခိုးမှုန်တွေအကြား
မင်းအရိပ်ကို လိုက်ရှာ
မင်းရယ်သံကိုလိုက်ရှာ
တောက်… ငါဆိုတဲ့ကောင်က
နွေးထွေးမှုကို မပေးခဲ့ဘူး
ဝဲဘက်ရင်အုံထက်က နာကျင်မှု
မင်းကို စိတ်ပူတယ်
မင်းကို လွမ်းတယ်
မင်းကို တမ်းတယ်
ဘုရားမရှိ တရားမရှိ စိတ်ထင်ရာ လေလွင့်တတ်တဲ့ကောင်က
ဒူးလေးနှစ်ချောင်းကိုတုပ်လို့
အေးချမ်းပါစေ ဆုတောင်းသံကို
လက်နှစ်ဖြာထိပ်မှာ ထားမိပါရဲ့
တကယ်ပါ ကလေးဆိုးလေးရေ
ခပ်ချွဲချွဲမင်းရဲ့အသံကို နားမှာစွဲရင်း
အခန်းကျဉ်းထဲမှာ ငိုနေရှာမလား
တွေးပူတယ်။
နေလင်းညို