မီမီဝင်းဖေနဲ့ စုံတွဲအခွေထွက်ဖို့ရှိတဲ့ အဆိုတော် ဘိုဖြူ

0
309

သီတင်းကျွတ်အပြီး (သို့မဟုတ်) တန်ဆောင်တိုင်ရောက်ပြီဆိုရင်တော့ မီမီဝင်းဖေနဲ့ သီဆိုထားတဲ့ စုံတွဲခွေ ထွက်ရှိတော့မယ်လို့ တေးသံရှင် ဘိုဖြူက ပြောပါတယ်။

“အဆိုတော့ ပြီးသွားပြီ။ ကျန် တဲ့ Mixing တွေကတော့ ချစ်စမ်း မောင်ရဲ့ ကဏ္ဍပဲ ကျန်တော့မယ်။ အရင်သီချင်းအဟောင်းလေးတွေနဲ့ အရောလေးတွေပေါ့။ အစ်ကိုတို့ သီဆိုနေကျပုံစံလေးတွေပဲ။ အချစ် သီချင်းလေးတွေ၊Deut Song လေး တွေလည်း ပါတယ်။ ဆရာစိုင်းခမ်း လိတ်ရဲ့ သီချင်းလေးတွေပေါ့” လို့ သူက ဆိုပါတယ်။ ဘိုဖြူက လတ် တလောမှာ “နံနက်ခင်းသစ်” ဆိုတဲ့ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိ ထားပါတယ်။

“ပုံမှန်ကတော့ မဆိုးပါဘူး။ ဒီ ခေတ်ဒီအခါမှာ ဒီလောက်လေး ရောင်းရတာကိုပဲ ကျေးဇူးတင်ရမှာ ပေါ့။ ပရိသတ်ကို ပြန်ပေးရမယ့်ဟာကတော့ အဆင်ပြေ အောင် ဘယ်လိုမဆိုလုပ်နေရမှာပဲလေ။ အနုပညာသမား တစ်ယောက်ရဲ့ တာဝန်တစ်ခုလို့ပဲ အစ်ကိုတို့က မှတ်ယူရ မှာပေါ့လေ” လို့ ဘိုဖြူကဆိုပါတယ်။

ခေတ်က အပြောင်းအလဲအလွန်မြန်သလို ဒီနိုင်ငံ အနေနဲ့ အပြောင်းအလဲမှာ နောက်ကျတယ်လို့လည်း ဘိုဖြူကဆိုပါတယ်။ လက်ရှိ ပျက်စီးသွားပြီဖြစ်တဲ့ ဂီတ ဈေးကွက်အပေါ်ကိုလည်း ဘိုဖြူက –

“အရင်တုန်းက အခွေတွေက ကြွားပြောတာ မဟုတ်ဘူး။ သိန်းနဲ့ ချီရောင်းခဲ့ရတာ။ အခုခေတ်မှာ ဘာဖြစ်လို့ အခွေတွေမဝယ်ကြတော့တာလဲ။ အစ်ကို တို့ကိုယ်တိုင် ဘာတွေပြုပြင်ရတော့မလဲမသိဘူး။ အရောင်းတွေကျကုန်တယ်။ အခွေလောက ပျက်ကုန် တယ်ဆိုတာ စိတ်မကောင်းစရာ အဖြစ်အပျက်အနေနဲ့ အခုလောလောဆယ်ကြုံနေရတာပေါ့” လို့ ဘိုဖြူက ပြောပြခဲ့ပါတယ်။

သတင်း

ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here