tvN ရဲ့ ဇာတ်လမ်းတွဲသစ် “Abyss” မှာပါဝင်မယ့် Park Bo Young

0
164

ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ ပိုင်ဆိုင်ထားတဲ့ မင်းသမီး Park Bo Young ဟာ tvN ရဲ့ ဇာတ်လမ်းတွဲအသစ် “Abyss” မှာ ပါဝင် သရုပ်ဆောင်ဖို့ အတည်ပြုလိုက်ပါပြီ။ ဇာတ်လမ်းတွဲ ခေါင်းစဉ်ကို “Abyss” လို့ ယာယီ အမည်ပေးထားပါတယ်။

ဒါကတော့ “Strong Woman Do Bong Soon’ ရဲ့နောက်မှာ Park Bo Young အနေနဲ့ နောက်ထပ် သရုပ်ဆောင်ဖြစ်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ မင်းသမီးကို ဇာတ်ကားများစွာ ကမ်း လှမ်းခဲ့ပေမယ့် သူမဟာ ‘Abyss’ ဇာတ်ညွှန်းကို ကြိုက်နှစ်သက်လို့ လက်ခံ ခဲ့တာလို့သိရပါတယ်။

ဇာတ်လမ်းအညွှန်းက တအားကို လှပပြီး ပြီးပြည့်စုံနေတဲ့ အစိုးရရှေ့နေကောင်မလေးနဲ့ တအားကို ရုပ်ဆိုး တဲ့အမျိုးသားတို့ဟာ မှော်ဆန်တဲ့ ပုလဲတစ်လုံးကြောင့် အခြေအနေတွေ ပြောင်းလဲသွား ခဲ့ပါတယ်။

ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတာမို့ စောင့်ကြည့်ဖို့ မမေ့နဲ့နော်…

၂၀၁၉ နှစ်စပိုင်းလောက်မှာ tvN ကနေ စတင်ပြသတော့မှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here