သားနဲ့သမီး စိတ်ဆင်းရဲမှာ စိုးတယ်သျှန်ထွန်း (မြန်မာစာ)

0
663

မိသားစုနဲ့ပတ်သက်လို့ စိတ်ဒဏ်ရာရရှိထားတဲ့ သားနဲ့ သမီးကို ပိုပြီး စိတ်ဒဏ်ရာရရှိသွားမှာစိုးတာကြောင့် နောက် အိမ်ထောင်မပြုတော့ဘူးလို့ တေးရေး၊တေးဆို သျှန်ထွန်း (မြန်မာစာ) ကပြောပါတယ်။ သူဟာ သားနဲ့သမီးကို ဖခင်လို ရော မိခင်လိုပါ စောင့်ရှောက်ပေးလျက်ရှိပြီး ကလေးတွေ အတွက်ကိုလည်း လိုလေသေးမရှိရအောင် ထားပေးနေပါ တယ်။ သူ့အနေနဲ့ အခုလက်ရှိအချိန်မှာ အသက်အရွယ် ၅၀ ကျော်ပဲ ရှိသေးတာကြောင့် နောက်အိမ်ထောင်ပြုချင် ပြုလို့ရ သေးတဲ့အရွယ်ပါ။ သို့ပေမဲ့လည်း သူကတော့ နောက်အိမ် ထောင်မပြုတော့ဘူးလို့ ယတိပြတ်ပြောပြခဲ့ပါတယ်။

“ကျွန်တော့်ဆုံးဖြတ်ချက်ကတော့ မပြင်တော့ပါဘူး။ ကျွန်တော် အခုဆိုရင်အသက်က ၅၀ ကျော်ပြီ။ နောက်ထပ် အလွန်ဆုံးနေရလည်း ၂၀၊၂၅ ပေါ့။ ကျွန်တော်ကတော့ ဒီလိုပဲမှန်းတယ်။ နောက်ထပ် ၅ နှစ် ၁၀ နှစ်လောက်က ကလေးတွေအတွက် အလုပ်လုပ်ရဦးမယ်။ အဲဒီလိုမှာမှ အိမ် ထောင်ထပ်ပြုလိုက်မယ်ဆိုရင် ထပ်ပြုတဲ့အိမ်ထောင်နဲ့ ပတ် သက်တဲ့ အကောင်းအဆိုးအကြောင်း အကျိုးဆိုတာ ပြောလို့ မရဘူးလေ။ အဲဒါတွေကကောင်းတာဖြစ်လာရင် ပြဿနာ မရှိဘူး။ ဆိုးတာဖြစ်လာရင် သားနဲ့ သမီးစိတ်ဆင်းရဲရမှာ စိုးတယ်။ သူတို့စိတ်ထိခိုက်မှာ တအားကြောက်တယ်။ အခု အချိန်မှာက ကျွန်တော်ရှိရင်သူတို့ဘဝပြည့်စုံတယ်လို့ ထင် ထားတာလေ။ ကျွန်တော် အိမ်ထောင်ထပ်ပြုလိုက်လို့ ငါတို့ အဖေကတော့ သူ့ဇနီးအပေါ်မှာပဲချစ်တော့မယ်၊ ငါတို့ကို ချစ်မှာမဟုတ်ဘူး ဆိုပြီး အဲဒီအတွေးဝင်မှာကိုတောင် ကျွန်တော်အဝင်မခံနိုင်ဘူး။ ကလေးတွေက စိတ်ဒဏ်ရာ ရထားကြတာလေ။ ရထားတာကို ကျွန်တော်က အဲဒီဒဏ်ရာ ကို ပြန်မပေါ်စေချင်တာ။ အခုကတော့ ဒဏ်ရာမပေါ်အောင် ကျွန်တော်ထားထားတာပါ။ တကယ်လို့ ကျွန်တော်က အိမ်ထောင်ထပ်ပြုရင် ကလေးတွေက ဒဏ်ရာပြန်ပေါ်မှာ တင်မကဘူး ပိုပြီးတော့အခြေအနေဆိုးသွားနိုင်တယ်။ လုံးဝ စိတ်ဓာတ်ကျသွားနိုင်တယ်။ အိမ်ထောင်မပြုလည်း ကျွန်တော်နေလို့ ရတယ်လေ။ အိမ်ထောင်ပြုလိုက်လည်း ကျွန်တော့်အနေနဲ့ တအားကြီး ထူးခြားမှာမှမဟုတ်တာ” လို့ သားနဲ့သမီးအပေါ် ထားရှိတဲ့ သူ့ရဲ့ဖခင် မေတ္တာကိုပြောပြခဲ့ ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here