အနုပညာရှင်တို့ပြောတဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုး

0
219

မူးယစ်ဆေးဝါးသုံးစွဲနေသူတွေကတော့ မကောင်းလိုက်တာ သို့မဟုတ် ကောင်း လိုက်တာ ဆိုပြီး ဝေဖန်ကာ မေးမြန်းထားခြင်းမဟုတ်ပါ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ သူတို့တွေ ဘာပြောကြလဲ ဆိုတာကို စုစည်းမေးမြန်းတင်ဆက်ခြင်းပဲဖြစ်ပါတယ်။

ထွန်းထွန်း

မူးယစ်ဆေးဝါးတို့ အရက် တို့ဆိုတာ မစမ်းတာအကောင်းဆုံးပဲ။ ကိုယ့်တက်လမ်းတွေကို အင်မတန် အနှောင့်အယှက် ဖြစ်စေတဲ့အရာ တွေပါ။ ဥပမာပြောရရင် အရက် သောက်ထားရင် အရက်မူးနေတယ် ဆိုတဲ့ ဏနမျသညေူငအပ က ထိုးကျတယ်။ လူမလေးစားဘူး။ ကိုယ့်ကိုယ်ကိုယ် လေးစားအောင်နေမှ လူလေးစား မှာ။ အဲဒါတွေက မစမ်းတာ အကောင်းဆုံးပဲလို့ အကြံပြုချင် ပါတယ်။ ဘဝတစ်ကွေ့မှာ လူဆိုတာ အတိမ်းအစောင်းအခက်အခဲဆိုတာ ရှိမှာပဲ။ ရှိတဲ့အခါမှာ ကိုယ်ပြန်ထဖို့ပဲ လိုတာ။ မှန်ကန်တဲ့နည်းလမ်းနဲ့ ပြန်ထဖို့လိုမယ်။ ပြန်ထနိုင်ပေမယ့် အရာအားလုံး သိသွားတဲ့လူတော့ မဟုတ်ဘူး။ အဓိကပြောချင်တာ တော့ ကိုယ့်စိတ်ကိုယ်နိုင်ဖို့ပဲ လိုတယ်။ ကိုယ့်စိတ်ကိုယ်မနိုင်ရင် ဘယ်အရာမှမစတာ အကောင်းဆုံး ပဲ။ အထူးသဖြင့် မူးယစ်ဆေးကတော့ အဆိုးဆုံးပေါ့။ လောင်းကစားဆို တာတောင်မှ အဲဒီနောက်မှာ ရှိမယ် လို့ ထင်တယ်။ မကောင်းတာ ကောင်းတာကတော့ ကြိုက်နှစ်သက် တဲ့လူပေါ်မှာ မူတည်တယ်။ လူတွေ ကလေ မဖြစ်မနေဆိုတဲ့ အခြေအ နေမှာမှ နောင်တတော်တော်ရ ကြတယ်၊ ပြုပြင်ကြတယ်လို့ ထင် တယ်။ ကျွန်တော်ကိုယ်တိုင်တောင် မဖြစ်မနေဆိုတဲ့ အခြေအနေကို ရောက်သွားခဲ့တယ်။ ဒီအတိုင်း ဆက်သွားနေရင် ပြီးသွားပြီ။ မဖြစ် မနေဆိုတာ မရောက်မချင်းတော့ ပြုပြင်ပြောင်းလဲကြမယ်လို့ ကျွန်တော်မထင်ဘူး။ သိသိရက်နဲ့ မိုက်တဲ့လူတွေလည်း အများကြီး ရှိတယ်။ ကျွန်တော်ကံကောင်းတာက သိသိရက်နဲ့မိုက်တဲ့ထဲမှာ မပါခဲ့ဘူး။ ကျွန်တော့်အဖေအမေ ငယ်ငယ်က တည်းက ဆုံးမတာတွေကို ကျွန်တော် အသိရှိတယ်။ အမှန်အတိုင်းပြောရင် ကျွန်တော် တော်တော်ဆိုးတယ်။ ကျွန်တော်ဆိုးတာတွေကို ဂုဏ်ယူပြီး တော့မပြောချင်ဘူး။ အဓိကပြော ချင်တာတော့ မူးယစ်ဆေးဝါးဟာ အစလုပ်တဲ့ထဲမှာ မပါသင့်ဘူးလို့ လူငယ်တွေကို ပြောပြချင်ပါတယ်။

ဖော်ကာ

ဒါကတော့အသက်ကို ဥာဏ် စောင့်၏ပေါ့။အဲဒီလိုပြောချင်ပါ တယ်။

ကြက်ဖ

“ကျွန်တော်တို့ နိုင်ငံမှာက အရက်နဲ့ ဘီယာသောက်လို့ရှိရင် အပြစ်မရှိဘူးလို့ ယူဆနေကြတယ်။ အဲဒီဟာကို အဓိက အရင်ပြင်ရမယ်။ အဲဒါကို မပြင်နိုင်သေးဘဲနဲ့ မူးယစ် ဆေးသုံးတာ ဘာဖြစ်တယ်၊ ညာဖြစ် တယ်ဆိုပြီး သွားပြောလို့ မရနိုင် လောက်သေးဘူး။ အခုက လူတန်း စား ၃ မျိုးလောက်ရှိတယ်။ ငါတို့က အရက်သောက်တာကွ၊ ဆေးသမား မဟုတ်ဘူး။ နောက်ပြီး ငါတို့က ဆေး ပဲချတာ၊ အရက်သမားမဟုတ်ဘူး။ နောက်တစ်မျိုးလည်းရှိတယ်။ မထူး တော့ဘူးကွာ။ အရက်လည်း သုရာ မေရယပဲ။ ဆေးလည်း သုရာမေရယ ပဲ။ ၂ ခုစလုံးလုပ်မယ်ဆိုတဲ့ လူတန်း စားလည်းရှိတယ်။ တကယ်တော့ ၃ မျိုးစလုံး မှားနေတယ်။ မူးယစ်ဆေး တစ်ခုတည်းကို သွားပြောနေလို့ရှိရင် ရယ်စရာကြီး ဖြစ်နေလိမ့်မယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဘာမှမထူးဘူး။ တစ်ခုက သေမင်းဆီကို သွားတယ် ဆိုလို့ရှိရင် နောက်တစ်ခုကလည်း အ တူတူပဲ။ ဒီလမ်းအတိုင်း သွားတာပဲ”


LEAVE A REPLY

Please enter your comment!
Please enter your name here