ကိုယ့်အရေးထက်စာရင် သားသမီးအရေးက ပိုပြီးတော့ အရေးကြီးသွားပြီဆုန်သင်းပါရ်

0
334

ဆုန်သင်းပါရ်ရဲ့ သားလေးက အခုဆို ၅ နှစ်အရွယ် ကို ရောက်ရှိနေပါပြီ။ သမီးလေးကတော့ ပြီးခဲ့တဲ့ လပိုင်း အတွင်းကမှ လူ့လောကထဲကို ရောက်ရှိလာခဲ့တယ်။ မိခင်ဆိုတာ ဒါပါပဲ။ တစ်ချိန်က နာမည်ကြီး အဆိုတော် တစ်ယောက်ဖြစ်တဲ့ ဆုန်သင်းပါရ်။ သူ့ရဲ့ လက်ရှိအချိန် မှာတော့ သားသမီးတွေကိုပဲ အချိန်ပေးနေရပါတယ်တဲ့။

“သမီးလေးကတော့ ဆုန်သင်းရဲ့ ဒုတိယသမီးလေး ပေါ့နော်။ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက် ပေါ့။ သမီးကိုပြုစုဖို့ တအား အချိန်ပေးရတယ်။ ဆုန်သင်းဆိုရင် ကူညီပေးမယ့်သူတွေ အမေကလွဲလို့ မရှိဘူး။ ကိုယ်တိုင်ကိုယ်ကျပဲ သမီးလေးကို ပြုစုစောင့် ရှောက်နေရတယ်။ မိခင်တစ်ယောက်အနေနဲ့ ကိုယ် ဝါသနာပါတဲ့အရာတွေ အကုန်လုံးကိုလည်း စွန့်လွှတ် ထားရတာတွေရှိတယ်။ ကိုယ့်အရေးထက်စာရင် သား သမီးအရေးက ပိုပြီးတော့ အရေးကြီးသွားပြီ” လို့ ဆုန်သင်းပါရ်က ပြောပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့ မှာ မီမီဝင်းဖေရဲ့ One Lady Show ရှိတယ်။ ဆုန်သင်း ပါရ်တို့ သူငယ်ချင်းတစ်စုလည်း သွားရောက်အားပေး ဖြစ်မယ်။ မီမီဝင်းဖေအပေါ်ကိုလည်း ဆုန်သင်းပါရ်က….

“တကယ့်ကို ကိုယ်တွေ ငယ်ငယ်ကတည်းက ကြိုက် နှစ်သက်ခဲ့တဲ့၊ ကိုယ့်ရဲ့ အဆိုးအကောင်းတွေ အကုန်လုံး ကို ဝေမျှပေးတဲ့ အစ်မရဲ့ တကယ့်ကို ဖျော်ဖြေမယ့်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီးတော့ အားပေးမှာပါ။ ပြီး တော့ မမီသီချင်းတွေက တကယ့်ကိုယ်ပိုင်သံစဉ် စစ်စစ် တွေ၊ ပြီးတော့ တစ်သက်စာအတွက် လုံလောက်တဲ့ သီချင်းတွေ အများကြီးရှိတယ်။ မှတ်တိုင်တွေ အများကြီးရှိတယ် ဆိုတော့ သီချင်းကောင်းတွေ အများကြီးနားဆင်ဖို့ကို ဆုန် သင်းတို့လည်း အဆင်သင့်ရှိ နေပါတယ်။ မမီကိုလည်း အရမ်းကြီး စင်ပေါ်မှာ သိပ် မလှုပ်ပါနဲ့လို့။ စင်တွေဘာတွေ ကျိုးမှာ စိုးလို့ပါ(ရယ်လျက်)” လို့ သူက ပြောပြခဲ့ပါတယ်။

သတင်း

ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here