ယခုနှစ်တောင်ပြုံးပွဲ ယခင်နှစ်များထက် ပိုမိုစည်ကားနိုင်ကြောင်း ဒေသခံများ ခန့်မှန်း

0
203

မြန်မာနိုင်ငံ အရပ်ရပ်ရှိ ရိုးရာ နတ်ယုံကြည်ကိုးကွယ်သူများ အများ အပြားလာရောက်ကြတဲ့ မန္တလေး တိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာရှိ ဆုတောင်း ပြည့်၊ ဆုတောင်းရဘုရားပွဲနှင့်တောင် ပြုံးမင်းနှစ်ပါးပွဲတော်ကို ဝါခေါင် လဆန်း ၁ ရက် (ဩဂုတ် ၁၂ ရက်) မှ ဝါခေါင်လပြည့်ကျော် ၁ ရက် (ဩ ဂုတ် ၂၇ ရက်) ထိ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း တောင်ပြုံး ဆုတောင်း ပြည့်၊ ဆုတောင်းရဘုရား ဂေါပက အဖွဲ့ထံမှ သိရပါတယ်။

“ဒီနှစ်မှာ ထူးခြားတာက ကျန်း မာရေးကဏ္ဍကို အထူးဂရုစိုက်ပြီး ဆောင်ရွက်ပါတယ်။ ဘုရားပွဲ ဆွမ်း ကြီးလောင်းလှူပွဲကို ဝါခေါင်လပြည့် နေ့မှာ မနက် ၇ နာရီအချိန်မှ စတင် လောင်းလှူမှာဖြစ်ပါတယ်။ ဆရာ တော်ကြီး ၁၅၀ ကျော်ကို ပင့်ဖိတ်ပြီး လောင်းလှူမှာဖြစ်ပါတယ်”ဟုတောင် ပြုံး ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော် ကျော်က ပြောပါတယ်။

ပွဲတော်ရဲ့ ဈေးဆိုင်ခန်းများတွင် အညာဒေသထွက်စားစရာများ၊ နတ် ဆက်ပန်းအမျိုးမျိုးနဲ့ နတ်ဆက် ပစ္စည်းအရောင်းဆိုင်များ၊ အုန်းသီး၊ ငှက်ပျောသီး ကန်တော့ပွဲဆိုင်များ၊ စားသောက်ဆိုင်များ၊ မုန့်ဆိုင်များ ခင်းကျင်းရောင်းချကြပါတယ်။ တောင်ပြုံးပွဲတော်မှာ ဟန်ဇာမိုးဝင်း ဇာတ်အဖွဲ့နဲ့ အောင်ကျော်ဆန်း ဇာတ်အဖွဲ့နှစ်ဖွဲ့က ကပြဖျော်ဖြေကြ မှာဖြစ်ကြောင်း သိရှိရပါတယ်။

“ပွဲတော်ကာလအတွင်းမှာ ပွဲ တော်လာသူအဆင်ပြေစေဖို့ နေ့စဉ်ပုံ မှန် ၄ ခေါက်ပြေးဆွဲနေတဲ့ မန္တလေး-မတ္တရာခေါက်ပြန်ရထားကို လူစီးတွဲ ဆိုင်းများ တိုးချဲ့ပြီး သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ ၁၁ ခေါက် ၁၂ ခေါက်အထိ ပြေးဆွဲပေးမှာပါ” ဟု တောင်ပြုံးဘူတာမှ တာဝန်ရှိသူ က ပြောပါတယ်။

တောင်ပြုံးပွဲတော်ကို ပုဂံခေတ် ကတည်းက နှစ်စဉ်ကျင်းပတဲ့ ပွဲ တော်ဖြစ်ပြီး မြန်မာပြည်ရှိ ပွဲတော် များထဲတွင် ထင်ရှားပြီး အစည်ကား ဆုံး ရိုးရာနတ်ပွဲတော်ကြီးဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် က H1N1 ရောဂါဖြစ် ပွားမှုများကြောင့် ပွဲတော်ကျင်းပခွင့် မရခဲ့ပါဘူး။ အဲဒါကြောင့် ယခုနှစ် ၂၀၁၈ ခုနှစ်မှာ ပုံမှန်ထက်ပိုမိုစည်ကားနိုင်ကြောင်း ဒေသခံများက ခန့် မှန်းပြောဆိုနေကြပါတယ်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here