အမေရိကန်နိုင်ငံမှာ ရုပ်ရှင်နဲ့ ပတ်သက်ပြီး ပညာသင်ကြားလာသူတွေ ပုံဖော်သွားကြမယ့် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲ

0
240

အမေရိကန်နိုင်ငံမှာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပညာတွေကို သင်ကြား ခဲ့ကြတဲ့ လူငယ်တစ်စု တည်ထောင် လိုက်တဲ့ Imagine Nation Production မှ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာကောင်းတဲ့ ရုပ်ရှင်ဇာတ် ကားတစ်ကားကို ပုံဖော်ရိုက်ကူးသွား မှာ ဖြစ်ကြောင်း ဒီထုတ်လုပ်ရေးမှ ဒါရိုက်တာ အဝေးက ပြောပါတယ်။

“ဒီဇာတ်ကားကို ရိုက်ကူးဖို့ သရုပ်ဆောင်တွေကို ပြောပြတဲ့ အခါမှာလည်း ဝမ်းသာအားရလက် ခံတယ်။ အားပေးကြတယ်။ ဒီဟာ တွေက ကျွန်တော့်အတွက် တွန်းအား တစ်ခုဖြစ်ခဲ့ပြီးတော့ ကျွန်တော်ဆက် ရိုက်ကူးဖို့အတွက် အင်အားတွေ ဖြစ်ခဲ့ပါ တယ်။ ဇာတ်လမ်းရေးတာက ၆ လပိုင်း၊ ၇ လပိုင်းလဆန်းပိုင်း လောက်မှာ ဇာတ်လမ်းပြီးသွားတယ်။ ဇာတ်မပြီးခင်အချိန်လေးမှာလည်း အဓိက ဇာတ်ပို့သရုပ်ဆောင်တွေ ဦးဇင်ဝိုင်းတို့ကိုပြောတော့လည်း ဦးဇင် ဝိုင်းတို့က သဘောကျတယ်။ လက်ခံ တယ်။ ကျွန်တော်တို့ကို ကြိုဆိုတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါ တယ်။ အသစ်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ စိုးရိမ်စရာတွေ တအား များပါတယ်။ မြူးဇစ်ဇာတ်ကားဆို တော့ သီချင်းကလည်း ပါရမယ်။ သီချင်းတွေကို လုပ်နေတဲ့အချိန်မှာပဲ ရုပ်ရှင် အတွက်လည်း ဆင်းန်တွေခွဲ စဉ်းစား ပေါ့။ ဒီဟာတွေအကုန်လုံးကို ဘေးနားကနေ ပံ့ပိုးပေးခဲ့တဲ့ လူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းကိုတော့ အသေးစိတ် မပြောလိုပါဘူး။ ဇာတ်လမ်းအသေး စိတ်ကိုတော့ ဖွက်ထားပါရစေ။ အခု ရိုက်ကူးပြီးလို့ ၄၅ ရက်ပြီးရင် ကျွန်တော်တို့တစ်ဖွဲ့လုံး ဂုဏ်ယူရတဲ့၊ တစ်ဖွဲ့လုံး လက်မထောင်ပြီး ပြောနိုင် မယ့် ငါ ရိုက်ကူးခဲ့တဲ့ ဇာတ်ကား၊ ငါ ပါဝင်ခဲ့ဇာတ်ကား၊ ငါကူညီပေးခဲ့တဲ့ ဇာတ်ကားလို့ ဂုဏ်ယူဝင့်ြွကားစွာ ပြောနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

“အရုပ်ကျရာ ဆေးစက် ထင်”ရုပ် ရှင်ဇာတ်ကားကန်တော့ပွဲ ကို ဩဂုတ်လ ၁၅ ရက်နေ့က ရွှေတိဂုံဘုရား အောင်မြေမှာ ပြုလုပ် ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ မင်းမော် ကွန်း၊ ထွန်း ထွန်း၊ ဒေါင်း၊ မင်းဦး၊ ဇင်ဝိုင်း၊ ပိုင်ဖြိုးသုတို့ ပါဝင်သရုပ် ဆောင်ထားပြီး အထူးဧည့်သည်သရုပ် ဆောင်အဖြစ် ထွန်းအိန္ဒြာဗိုလ်လည်း ပါဝင် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ဂီတကို အခြေခံ ပြီး ဇာတ်အိမ်ဖွဲ့ကာ ရိုက်ကူးပုံဖော် သွားမယ့် ဇာတ်ကားပဲ ဖြစ်ပါတယ်။

p-060

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here