သီချင်းတွေရှိပေမယ့် အသံမကောင်းလို့ချမပြရဲဘူးဆိုတဲ့ရော့ခ်သီချင်းကြိုက်သဘေဘီမောင်

0
273

သူပါဝင်တဲ့ အခန်းသိပ်မရှိခဲ့ ပေမယ့် လွန်ခဲ့တဲ့ ၄ နှစ်ခန့်က ပါဝင်ရိုက် ကူးထားတဲ့ “လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ” ရုပ်ရှင်ဇာတ်ကားရုံတင်ပြသတဲ့ အခါမှာ ဘေဘီမောင်လည်း ဝန်းရံခဲ့ ပါတယ်။ ဘေဘီအကြိုက်ဆုံး ဇာတ် ဝင်ခန်းက ဘယ်အခန်းဖြစ်မလဲလို့ ဆိုတော့…

“Sexy ကျကျ ဒွန့်နေရတာ ကိုယ်ကြိုက်တဲ့အခန်းပဲ (ရယ်လျက်)” လို့ ဘေဘီမောင်က ပြောပါတယ်။ ဘေဘီမောင်က မြန်မာအိုင်ဒေါ Winner ဖြိုးမြတ်အောင်ရဲ့ ပရိ သတ်တစ်ယောက်ပါ။ လူတိုင်းက ကိုယ်ကြိုက်တာကိုယ် ရွေးချယ်ပိုင်ခွင့် ရှိကြတာပဲလေ။ ဘေဘီက ဖြိုးမြတ် အောင်ကို ဘယ်လိုသ ဘောကျသွားတာလဲလို့ဆိုတော့…

“ဘေဘီကလေ စီးပွားရေး လည်း ရှိတယ်ဆိုတော့ ဆိုင်ပိတ်ပြီးမှ အိမ်ပြန်ရတယ်။ မြန်မာအိုင်ဒေါကို မကြည့်ဖြစ်ဘူး။ သတင်းတော့ ကြား တယ်။ ဖေ့စ်ဘွတ်ခ်သုံးလို့ရှိရင်လည်း မြင်ရတယ်။ ဒါပေမဲ့ ဘေဘီမကြည့် ဖြစ်ဘူး။ ဘေဘီ အဲဒီနေ့က ဆိုင်စော စောပိတ်ပြီး အိမ်စောစောပြန်လာတဲ့ နေ့က မဆုန်သင်းပါရ်နဲ့ ဖြိုးမြတ် အောင်ဆိုတဲ့အပတ်ပေါ့။ ရော့ခ်သီ ချင်းတွေဆိုတဲ့ အပတ်ပေါ့။ ဘေဘီ က ရော့ခ်ဆိုရင် ကြိုက်တယ်လေ။ သူဆိုတဲ့ အမူအရာလေးတွေ၊ ပုံစံ လေးတွေ၊ ပြီးတော့ မဆုန်သင်းပါရ်နဲ့ အပေးအယူ တည့်နေတာလေးတွေက ကိုယ့်မျက်စိထဲမှာ ချစ်စရာကောင်း နေတယ်။ သူ့အကောင့် ထဲကို ဝင်ကြည့်တဲ့အခါမှာလည်း သူသီချင်းသီဆို ထားတာလေးတွေ၊ သူ့ယှဉ်ပြိုင်မှုလေး တွေကို မြင်ရတော့ တကယ် Talent ရှိတယ်။ အရည် အချင်းရှိတယ်ထင်လို့ ဘေဘီအားပေး ဖြစ်တာပါ”လို့ သူက ဆိုပါတယ်။ ကိုယ်တိုင်ကရော သီချင်း ဆိုဖို့ အစီအစဉ်မရှိဘူးလားလို့ဆို တော့…

“ဘေဘီက အသံ မ ကောင်းဘူး။ ဒါပေမဲ့ နယ်က ပရိသတ် တွေကလေ တစ်ခါ တလေ ကျလို့ရှိ ရင် သရုပ်ဆောင် အနေနဲ့ ဘေဘီ မောင့်ကို ငှား ချင် တဲ့အခါကျတော့ အဆင် ပြေအောင် ဖျော်ဖြေ ဖို့ အတွက် ဘေဘီသီချင်း တွေကျက်ရတာ၊ လေ့ လာရတာ တွေတော့ ရှိပါတယ်။ ဘေဘီကို နီတာတို့နဲ့ အတွဲခွေထဲ မှာလည်းသီချင်း ၂ ပုဒ်ဝယ်ထားတယ်။ အဲဒါ လေးတွေလည်း ထွက်ဖို့ ရှိတယ်။ကိုယ်ပိုင် သီချင်းဆိုတာကလည်း ရှိတော့ရှိတယ်။ ဒါပေမဲ့ ဘေဘီက အသံမကောင်း တော့ ချမပြရဲဘူး။ တော် ကြာနေချစ်တဲ့သူက ဘာမှ မပြောပေမယ့် မချစ် တဲ့သူ က အသံဆိုးကြီးနဲ့ နှိပ် စက်တယ် ဆိုပြီးတော့ ပြောဦးမယ်။ ဒါပေမဲ့ ဘယ်လို ပဲဖြစ်ဖြစ်ပါ။ နယ်မှာကျတော့ နယ်ပရိသတ်တွေ လက်ခံ တာလေးတွေကိုလုပ် ကိုင်ဖို့ ရှိပါတယ်” လို့ ဘေဘီမောင် ကပြော ပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here