ဘဝမှာ တန်ဖိုးရှိတဲ့လူ ဖြစ်အောင် နေထိုင်သွားမယ့် ဒေါင်း

0
122

 

မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားတစ်ဦးဖြစ်တဲ့ ဒေါင်းရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေ စိတ်ဝင်စားတဲ့အထဲမှာ ပါဝင်နေပါတယ်။ ဒေါင်းမှာ ချစ်သူ ရှိနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာတုန်းကလည်း ပရိသတ်တွေ စိတ်ပူသွားခဲ့ကြပါတယ်။ ပရိသတ် တွေကို တမင်စိတ်ပူအောင် လုပ် လိုက်တာပါဆိုတဲ့ ဒေါင်းက “အမှန်အတိုင်းပြောရင် တမင်လုပ်တာပါ။ မိသားစုတစ်စုမှာ ဆိုလည်း ဒီအတိုင်းချည်း နေနေရ တာထက်စာရင် တစ်ယောက်ကို တစ်ယောက်စတာ နောက်တာမျိုးရှိတယ်။ အခုလိုလုပ်နေတာ ကျွန်တော်တို့အတွက် ပျော်စရာ ကောင်းလိမ့်မယ်လေ။ ဘဝမှာ အသက်ရှင်ရတဲ့အချိန်က တိုတိုလေး ကိုး” လို့ ပရိသတ်တွေကို စနောက် ခဲ့တဲ့အကြောင်းကို ဒေါင်းကရယ်မောရင်း ပြောပြခဲ့ပါတယ်။တကယ်လို့များ ချစ်သူရှိ သွားခဲ့မယ်ဆိုရင် ပရိသတ်တွေရဲ့ အချစ်တွေ ၊ အားပေးမှုတွေ လျော့ သွားမှာကို စိုးရိမ်တာမျိုးရှိမလား ဆိုတဲ့မေးခွန်းကိုတော့ ဒေါင်းက….

“ကျွန်တော်ယုံကြည်တယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ် တွေက အဲဒါကို ကြည့်ပြီး အားပေး တယ်လို့ မထင်ဘူး။ ကျွန်တော့်အနု ပညာကိုပဲ အားပေးစေချင်တယ်။ ကျွန်တော့်အနုပညာကို အားမ ပေးတဲ့ပရိသတ်ကိုတော့ ကျွန်တော် ဆွဲမခေါ်ထားချင်တာ အမှန်ပဲ။ ကျွန်တော်က အနုပညာအလုပ်လုပ် နေတာကိုး။ ကျွန်တော့်အနုပညာကို အားပေးတဲ့ပရိသတ်ကို ပိုပြီးမျှော် လင့်ပါတယ်”လို့ပြောပါတယ်။

ဒေါင်းက ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးခွင့်ရနေပေ မယ့်လည်း သူ့ရဲ့အနုပညာတွေကိုတော့ ပရိသတ်တွေ မြင်တွေ့ခွင့်မရ ရှိသေး ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြသတဲ့ စနစ်ကြောင့် သူ့ရဲ့ဇာတ်ကားတွေ စောင့်ဆိုင်း နေရတာဖြစ်ပြီးထွက်ရှိလာခဲ့မယ်ဆိုရင်လည်းဆက်တိုက် နီးပါး ကြည့်ရှုအား ပေးကြရမှာ ဖြစ်ပါတယ်။ ဘဝမှာ တန်ဖိုးရှိ တဲ့လူဖြစ် အောင် နေထိုင် သွားမယ်ဆိုတဲ့ ဒေါင်းက….

“အသက်ရှင်နေတာ ခဏလေးလေ။ ဘယ်နှ နှစ်လဲ ၄ဝလား၊ ၅ဝ လား မျှော်လင့်လို့မရဘူး။ အ သက်ရှင်ချိန်မှာ ပျော်အောင် နေမှာလား။ ဝမ်းနည်း အောင်နေ မှာလား။ အရာရာဆုံးရှုံးအောင် နေမှာ လား ဆိုတာ ကိုယ်ပဲရွေးချယ်ရမှာ။ အဲဒီ လောက်အချိန်တိုလေးမှာ ဘာလုပ် မှာလဲဆိုတာ တွေးကြည့်ရင် အဖြေရှိ ပါတယ်။ ကျွန်တော်လည်း အဲဒီလို ပါပဲ။ ကျွန်တော့်ဘဝမှာ တန်ဖိုးရှိအောင်ပဲ နေချင်တယ်။ တန်ဖိုးရှိ အောင်ဆိုတာ ဘယ်လိုနေမှာလဲ။ လူတွေအတွက် တန်ဖိုးရှိအောင်နေရင် ကျွန်တော့်အတွက် တန်ဖိုး မရှိတဲ့အရာတွေ ဖြစ်ရင်ဖြစ်လာတတ်တယ်။ ကျွန်တော့်အတွက် တန်ဖိုးရှိအောင် နေမယ့်အခါမှာ လည်း လူတွေအတွက်ပနံမသင့်တာတွေဖြစ်ရင် ဖြစ်လာမယ်။ ဒါကို ညီညွတ်မျှတအောင်နေတာကလူပဲလို့ခံယူမိတယ်။ ကိုယ့်အတွက်လည်း တန်ဖိုးရှိတဲ့အရာတွေ လုပ်မယ်။ ပတ်ဝန်းကျင်အတွက်လည်း တန်ဖိုး ရှိတဲ့အရာတွေ လုပ်မယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here