Miss Supranational Myanmar 2018 ဆုရှင်ရွှေအိမ်စည်ပိုလန်နိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်ရမည်

0
184

Miss Golden Land Myanmar 2018 Grand Final ပြိုင်ပွဲကြီးကို သြဂုတ်လ ၁၄ ရက် နေ့ ည ၇ နာရီအချိန်က Taw Win Garden Hotel မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာ ပြည် နယ်နှင့်တိုင်း ကိုယ်စားပြု အလှမယ် အယောက် ၂ဝ တို့က ပါဝင်ယှဉ်ပြိုင် ကာ Miss Supranational Myanmar 2018 ဆုကို ရခိုင်ပြည်နယ် ကိုယ်စားပြုအလှမယ် ရွှေအိမ်စည်၊ 1st Runner up ဆု ကို ရှမ်းပြည်နယ် အရှေ့ပိုင်းကိုယ် စားပြု အလှမယ် အယ်လီနာဝင်း၊ 2nd Runner up ဆုကို ရန်ကုန် တောင်ပိုင်း ကိုယ်စားပြုအလှမယ် နန်းချယ်ရီတို့က အသီးသီးရရှိခဲ့ကြပါ တယ်။ Miss Supranational Myanmar 2018 အဖြစ် ရွေးချယ်ခံရ တဲ့ အလှမယ်ရွှေအိမ်စည် ဟာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ၊ ပိုလန်နိုင်ငံမှာ ကျင်းပမယ့် MIss Supranational Myanmar 2018 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲမှာBody ,Beauty,Brain ဆိုတဲ့အချက်တွေကို အခြေခံပြီး ရွေးချယ်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ကို ဟန်ဇော်လတ်က “အဓိကတော့ ကျွန်တော်တို့ Golden Land မှာ ဆောင်ပုဒ် လေးရှိတယ်။Body,Beauty,Brain ဒီသုံးခုအပေါ် အခြေခံကာ ရွေးချယ် မှာဖြစ်ပါတယ်။ Body အနေနဲ့ ကတော့သူတို့က အလှမယ် တစ်ယောက် ဖြစ်တဲ့အတွက် ကြောင့် ကျန်းမာကြံ့ခိုင်တဲ့ Body ရှိ သင့်တယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ထိ ကျန်းမာကြံ့ခိုင်လဲ ဆိုတာ စစ်ဆေးတာဖြစ်တယ်။

Beauty အနေနဲ့က နှစ်ပိုင်းရှိတယ်။ Inner Beauty နဲ့ Outer Beauty ဆိုပြီးတော့။Inner Beauty က နိုင် ငံ့ကိုယ်စားပြုအလှမယ်ဖြစ်တဲ့ အ တွက် အများနဲ့ ပူးပေါင်းဆောင်ရွက် လိုတဲ့ စိတ်၊ အများကို ကူညီချင်တဲ့ စိတ်၊ ပရဟိတစိတ်တို့ဆိုတာတွေ ရှိရမှာဖြစ်ပါတယ်။ ဒါစိတ်ပိုင်းဆိုင် ရာအလှ။ ရုပ်ပိုင်းဆိုင်ရာအလှက အလှမယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ အတွက်လှကိုလှရမယ်။ နောက်တစ်ခု က Brain ပေါ့။ နိုင်ငံ့ကိုယ်စားပြုဖြစ် တဲ့အတွက်ကိုယ့်နိုင်ငံရဲ့ လတ်တ လော ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေးဒါတွေကို သိရှိဖို့ လိုအပ်သလို နိုင်ငံတကာရဲ့ အကြောင်းတွေကို လည်း သိရှိဖို့ လို အပ်ပါတယ်”လို့ လည်း ပြောပြခဲ့ပါ တယ်။ ဆက်လက်ပြီး နောက်နှစ် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်မယ့် ပြိုင်ပွဲ ဝင်တွေအတွက်လည်းကို ဟန်ဇော် လတ်က….

“ဒီနှစ်ပွဲကတော့ Miss Golden Land Myanmar ရဲ့ ငါးကြိမ်မြောက်အနေနဲ့ ကျင်းပတဲ့ ပွဲကြီးပါ။ နောက်နှစ်တွေမှာလည်း မြန်မာတစ်နိုင်ငံလုံးက အလှမယ် လေးတွေအနေနဲ့ လာရောက်ယှဉ် ပြိုင်ကြပါ။ အရည်အချင်းအဆင့်မီ တဲ့ မြန်မာအလှမယ်လေးတွေ ပေါ် ထွက်လာဖို့ ဦးစားပေးပြီး ရွေးချယ် မှာမို့လို့ လာရောက်ယှဉ်ပြိုင်ကြပါ” လို့ ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here