ဥပါဒါန် ရုပ်ရှင်ဇာတ်ကား ပြသဖို့ စင်ကာပူနိုင်ငံကို သွားရောက်မယ့်နန်းဆုဦး

0
437

နန်းဆုဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ဥပါဒါန်’ ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၁၈ရက်မှ ၁၉ ရက်နေ့ထိ စင်ကာပူနိုင်ငံမှာ သွားရောက်ပြသမှာ ဖြစ် ပါတယ်။ ပြည်ပက ပရိသတ်တွေနဲ့ တွေ့ဆုံဖို့အတွက် နန်းဆုဦးလည်း စင်ကာပူနိုင်ငံကို သွားရောက်မှာပါ။ အခုလိုတစ်ခြားနိုင်ငံမှာ ပြသခွင့်ရတဲ့ အတွက် ဂုဏ်ယူမိတယ်လို့ဆိုတဲ့ နန်းဆုဦး က..

“ဒီဇာတ်ကားလေးက ဘာပဲဖြစ် ဖြစ် ဘာသာသာသနာ ဇာတ်ကား ဖြစ် တဲ့အတွက်ကြောင့် တခြား နိုင်ငံမှာ သွားရောက်ပြသခွင့်ရ တဲ့အတွက် ဝမ်းလည်း ဝမ်းသာ ပါတယ်။ ဒီဇာတ်ကားကို ရိုက် ကူးတဲ့ ထုတ်လုပ်သူရော၊ ဒီ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်းရေးတဲ့ ဦးအောင် (ဒါရိုက်တာဗန်းကြီး) အတွက်ကိုရော ဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။ ဒီဇာတ်ကားက ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ ဇာတ်ကား တစ်ကားဖြစ်ပြီး နန်းဆုဦးအတွက် ထူးခြားတဲ့ ဇာတ်ကားဖြစ်သလို ဘဝအတွက် မှတ်တိုင်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားရိုက်ကူးပြီး နောက်ပိုင်း ရုံတင် ပြသတဲ့အချိန်မှာ မြွေနဲ့ပတ်သက်တဲ့ အိပ်မက်ကို လည်း မြင်မက်ခဲ့တယ်လို့ ဆိုပါတယ်။

နန်းဆုဦးက လတ်တလောမှာ တော့ သူ့ရဲ့တတိယမြောက် ဇာတ်လမ်း တွဲဖြစ်တဲ့ ‘သစ္စာချည်တိုင်’ ဇာတ်လမ်းတွဲ ပါဝင် ရိုက်ကူးနေပါတယ်။ အရင်တုန်းက ဟာသဇာတ်လမ်းတွဲ တွေ ရိုက်ကူးဖြစ်ခဲ့ပြီး အခုတစ်ခါမှာတော့ ဒရာမာဇာတ်လမ်းတွဲ ရိုက်ကူးမှာဖြစ်ပါတယ်။ သရုပ်ဆောင် ပီပြင် တဲ့အတွက် ပရိသတ်တွေရဲ့ အားပေး လက်ခံမှု တွေရရှိတဲ့ နန်းဆုဦးအနေနဲ့သူ့ရဲ့ ကာရိုက်တာပီပြင်ဖို့ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး….

“ဇာတ်လမ်းကြို ပြီးတော့ ရတယ်ဆိုရင်ပိုပြီးတော့ ကောင်း ပါတယ်။ ဇာတ်လမ်းက တအားအချိန် ကပ်မှရတယ်ဆိုရင်တော့ ဒီကာရိုက်တာ ရဲ့ စိတ်နေစိတ်ထား သူဒီနေရာမှာဆို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုပြောမလဲဆို တာ ကြိုပြီးစဉ်းစား ထားရင် ကောင်းတာ ပေါ့။ ဇာတ်လမ်းကြိုရရင် ပိုပြီး ပြင်ဆင် ဖြစ်တယ်။ စိတ်ကူး စိတ်နေစိတ်ထားပိုင်း ကိုပေါ့။ အပြင်ပိုင်းဆိုင်ရာ ပြင်ဆင်မှုက အဲဒီလောက် အချိန်ယူစရာမလိုပါဘူး။ တစ်ခါတလေကျရင် ရိုက်ကူးရေးဘက် က အသေးစိတ်ဇာတ်ညွှန်းပေးတာ ကပ် ရင်တော့ ပြင်ဆင်ရတာ အခက်အခဲရှိ တယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here