Gym ကစားဖြစ်တဲ့ ရည်ရွယ်ချက်ကို သင်ဇာဝင့်ကျော်ပြောပြ

0
483

ခပ်ဟော့ဟော့ ဖက်ရှင်တွေကြောင့် ပရိသတ် တွေကြား စိတ်ဝင် စားခြင်းခံနေရတဲ့ သရုပ်ဆောင် သင်ဇာ ဝင့်ကျော်က ခန္ဓာကိုယ်ကျန်းမာလှပဖို့အတွက်လည်ွးပာ အမြဲကစားလေ့ရှိပါတယ်။ သူရည်ရွယ်ထားတဲ့ ခန္ဓာကိုယ် အနေအထား ရောက်ရှိဖို့အတွက် ကြိုးစားနေ တုန်း ပါပဲဆိုတဲ့ သင်ဇာဝင့်ကျော်က…

“ခန္ဓာကိုယ်ထိန်းသိမ်းဖို့အတွက်လည်း ပါ တယ်။ ပြီးတော့ စိတ်ဖိစီး မှုတွေကို ပြေပျောက်စေတယ်။ Gym ကစားတဲ့အတွက် သန်လည်း သန်တယ်။ သင်ဇာအခု အလေးတွေမပြီး ကစားနေတာဆိုတော့ ကိုယ့်ဘာသာ ကိုယ်သန်မာအောင်ကစားနေတာ။ နောက်ထပ် ပန်းတိုင်တစ်ခုရအောင် ပြုလုပ်နေတာပါ။ Gym ကစားတာက ချွေးအမြဲတမ်းထွက်ပြီး အသား အရေလည်း လှတယ်။ ခန္ဓာကိုယ်လည်းလှတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာ ကိုယ်လည်း လှနေတယ်လို့ မဆို လိုပါဘူး။ လိုချင်တဲ့ ပန်းတိုင်တစ်ခုရောက်ဖို့ ကြိုးစား နေဆဲပါ” လို့ ပြောပါတယ်။
သင်ဇာဝင့်ကျော်က အောင် ဇမ္ဗူတောရကျောင်းကို သွားရောက် ပြီး ဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်သလို ဆရာတော်ကျောင်းမှာလည်း လုပ် အားဒါနအနေနဲ့ ပါဝင်ကုသိုလ်ယူခဲ့ပါသေးတယ်။ ဆရာတော်ကျောင်းကို ရောက်ရင်း ဆရာတော်ရဲ့ အမိန့်အတိုင်း တရားစခန်းလည်း ဝင်ဖြစ်ခဲ့ပါတယ်။ တရားစခန်းမ ဝင်တာလည်း ကြာပြီဖြစ်တဲ့အတွက် စိတ်ထဲမှာ အေးချမ်းရကြောင်းကိုလည်း သင်ဇာ ဝင့်ကျော်က…

“ဆရာတော်ကို ဝါဆိုသင်္ကန်း ကပ်ဖို့ အောင်ဇမ္ဗူတောရကျောင်းကို ရောက်သွားတယ်။ အဲဒီနေ့မှာပဲ မအေးသီတာတို့ကလည်း ဆရာ တော့်ဆီရောက်လာတယ်။ ဒါပေမဲ့ သူတို့နဲ့လွဲသွားတယ်။ အိမ်လည်း ရောက်ရော မအေးသီတာက ဖုန်း ဆက်လာ တယ်။ ၇ ရက်နေ့တရား စခန်းဝင်ရမယ်တဲ့။ အဓိဋ္ဌာန်လို့ ပြောတယ်။ ဆရာတော့်အမိန့်အတိုင်း ပဲပေါ့။ အမှန်က အဲဒီရက်က ခင်ဝင့် ဝါတို့အဖွဲ့နဲ့ ဘားအံဘက်မှာ ရေဘေး သွားလှူမလို့။ ဒါပေမဲ့ ဆရာတော်က တရားစခန်းဝင်ဆိုလို့ ဝင်လိုက်တာပါ။ ၃ရက်ဝင်တာပါ။ ဆရာတော် ကတော့ များများဝင်စေချင်တာပေါ့။ တပတ်လောက်ဝင်စေချင်တာ ကြော် ငြာရိုက်ကူးဖို့ရှိနေ လို့ ပြန်ထွက် လာတာပါ။ တရားစခန်းမဝင်ဖြစ်တာလည်း တော်တော်ကြာပြီ။ လွန်ခဲ့တဲ့ ၂နှစ်လောက်က နောက်ဆုံး ဝင်ခဲ့တာ။ ဒီကြားထဲမှာ လုံးဝမဝင်ဖြစ်ဘူး။ အဲဒီရိပ်သာက တအားအေး ချမ်းတယ်။ ပြန်တောင် မထွက်လာချင်ဘူး။ ကြော်ငြာရိုက်ကူးဖို့ရှိလို့သာ ထွက်လာ တာ။ ဘာမှ ပူပင် သောကမရှိဘူး။ စိတ်ဖိစီးမှုလည်း မရှိဘူး။ စိတ်ကလေးက ရှင်းပြီး အေးချမ်း တယ်။ တအားပျော်တယ်” လို့ ပြောပြီး နောက်ပိုင်းမှာလည်း အားရင် အားသလို တရားစခန်းဝင် ဖြစ်မယ်လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်က ဘားအံမြို့မှ ရေဘေးသင့်ပြည်သူ များ အတွက် ကိုယ်တိုင် လိုက်ပါမလှူဒါန်း နိုင်ပေမယ့်လည်း အလှူငွေ ၅သိန်း ကျပ်ကို လှူဒါန်းခဲ့ ပါတယ်။ ဒီလထဲမှာပဲ သင်ဇာဝင့်ကျော်က အနုပညာအ လုပ်တွေ အားလပ်တဲ့အချိန်လောက် မှာ ကိုယ့်အဖွဲ့နဲ့ကိုယ် တကယ်လိုအပ်တဲ့ နေရာတွေမှာ ရေဘေးအတွက် သွားရောက်ကူညီဖို့ လည်း စီစဉ်ထားကြောင်းသိရပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here