ဝေဖန်မှုတွေ စိတ်ထဲမထားဘဲ အနုပညာ အလုပ်တွေ အကောင်းဆုံး လုပ်ကိုင်နေတဲ့ အလှမယ် ဆုရတီလင်း

0
443

ဆိုရှယ်မီဒီယာပေါ်ကနေ ပရိသတ်ကို ဖမ်းစားလာတဲ့ အလှမယ် လေးကတော့ ဆုရတီလင်းပဲဖြစ်ပါတယ်။ Miss Tourism Beauty of Asia 2018 Myanmar 2nd Runner Up ဖြင့် ဆုရရှိခဲ့ပြီး လတ်တလောမှာ အနုပညာလှုပ်ရှားမှု တွေကို ဆက်တိုက်လုပ်ကိုင်နေသူဖြစ်ပါတယ်။ အနုပညာ လောကထဲကို ဝင်ရောက်လာတဲ့အချိန်မှာ ဖခင်ဖြစ်သူက အားမပေးပေမယ့် ကိုယ်ဝါသနာပါရာအနုပညာ ကို လုပ်ကိုင်ခဲ့တဲ့အပေါ် ဆုရတီလင်းက…

“ညီမအနုပညာလောကထဲကို ဝင်ရောက် လာခဲ့တာ ၁ နှစ်ကျော်ပြီ။ ကိုယ်က ငယ် ငယ်ကတည်းကလည်း အနုပညာကို ဝါသနာ ပါတဲ့အတွက် ဖေဖေက အားမပေးလည်း ရအောင် လုပ်ကိုင်ခဲ့တယ်။ ကိုယ်က ဒီအ လုပ်ပဲ ဝါသနာပါတဲ့အတွက်လုပ်တာ။ အခု ဆိုလည်း ညီမဖေ့စ်ဘွတ်ခ် အကောင့်ကနေ Tik Tok လေး တွေတင်တယ်။ ပရိသတ်အားလုံး က လည်း ကြိုက်ကြတယ်။ အဲဒီအတွက်လည်း ဝမ်းသာမိတယ်။ ဆက်လက် ပြီးတော့ Miss ပြိုင်ပွဲဝင် ပြိုင်ဖို့တော့ မရှိသေးဘူး။ ညီမက ခန္ဓာကိုယ်ကလည်းသေးညှက် တော့ ဝေဖန်ခံရမှုတွေလည်း များတယ်။ Miss Tourism ပြိုင်တုန်းကလည်း သူငယ်ချင်းတွေ ဝင်ပြိုင်ခိုင်းလို့သာ ဝင် ပြိုင်တာ။ ကိုယ့်ကို ဝေဖန်မှာကို ကြောက်မိတယ်။ ဒါပေမဲ့လည်း တစ်ခါတလေကျရင် ပြန်စဉ်းစားမိတယ်။ ကိုယ် လုပ်ကိုင်နေတဲ့ အနုပညာလုပ်ငန်းအတွက် ဝေဖန်မှုတွေကို ရင်ဆိုင် ရမှာပဲဆိုပြီး စဉ်းစားတတ်လာတယ်။ ညီမဖေ့စ်ဘုတ်ခ်မှာ ပုံတွေတင်ရင် အောက်ကနေ ဝေဖန်တဲ့ Comment တွေက ကြောက်ဖို့ ကောင်းတယ်။ ဒါပေမဲ့ ညီမတို့ အနုပညာလုပ်ငန်းကို လုပ်ကိုင်နေတဲ့အတွက် ဝေဖန်မှုတွေကို စိတ်ထဲမထားဘဲ ကိုယ်လုပ်ရမယ့်အနုပညာအလုပ်ကိုသာ အကောင်း ဆုံး လုပ်ကိုင်တယ်”လို့ ပြောပါတယ်။

ပညာရေးပိုင်းမှာ ကော ဘယ်လိုကြိုး စားနေလဲလို့ မေးကြည့်တော့ …

“ညီမက အခုမှ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ အတွက် ကျောင်းပညာရေးနဲ့ အနုပညာကိုလည်း ညီမျှအောင် လုပ်ကိုင်နေတယ်။ ပညာရေး မှာလည်း အားမလျှော့သလို ညီမဝါသနာပါတဲ့ အနုပညာအလုပ် မှာလည်း အားမလျှော့ဘဲ ကြိုးစား နေပါတယ်။ ညီမကို ပရိသတ်က အားပေးတဲ့အတွက် ဒီနေရာထိ ရောက်လာ တယ်။ အဲဒီအတွက် ညီမရဲ့ပရိသတ်တွေကို ကျေးဇူးတင် ပါတယ်။ ဆက်လက်ပြီး တော့လည်း အနုပညာအလုပ်တွေကို ကြိုး စားသွားမှာပါ”လို့ ဆုရတီလင်းက ပြော ပြခဲ့ပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here